DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အထက်တန်းကျောင်းအချို့တွင် ကျောင်းသားများကို ဂိတ်စောင့်ခိုင်းနေ
DVB
·
October 5, 2023
ရန်ကုန် အထက်တန်းကျောင်းအချို့တွင် ကျောင်းသားများကို ဂိတ်စောင့်ခိုင်းနေ
Donate to DVB

ရန်ကုန်မြို့က အခြေခံပညာအထက်တန်းကျောင်းတချို့မှာ အထက်တန်းကျောင်းသားတွေကို စစ်ကောင်စီက ဂိတ်ပေါက်စောင့်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

အထက်တန်းကျောင်းတွေမှာ ကျောင်းသားတွေက မနက်ကျောင်းတက်ချိန်မတိုင်မီ မိနစ် ၃၀ လောက် ကြိုတင်ကျောင်းကိုလာရောက်ရပြီး အပြင်လူမဝင်ဖို့အတွက် ဆရာဆရာမတွေက ကျောင်းတံခါးအဝမှာ စောင့်ကြည့်ခိုင်းနေတာဖြစ်တယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။

အင်းစိန်မြို့နယ်က ကျောင်းသားမိဘတဦးက “အပြင်လူမဝင်စေဖို့ စောင့်ကြည့်ခိုင်းတာလို့ ကျမသားက ပြန်ပြောပြတယ်။ ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေရှိရင်လည်း တံခါးဖွင့်ပေးဖို့ လုပ်ပေးနေရတယ်”လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေကို ဂိတ်စောင့်ခိုင်းတာ မရှိဘဲ ဆရာ၊ ဆရာမတွေကိုယ်တိုင် ကျောင်းတံခါးဝမှာ ကျောင်းတက် ကျောင်းဆင်းချိန်တွေမှာ စောင့်ရတာ ဖြစ်ပါတယ်။

ဒီလိုဂိတ်စောင့်တဲ့ကျောင်းသား ကျောင်းသူတွေကို လူမှုရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်တဲ့အတွက် လူမှုရေးနဲ့ သက်ဆိုင်တဲ့ဘာသာရပ်တွေမှာ ရမှတ်ပိုပေးမယ်လို့လည်း  ဆရာဆရာမတွေက  မက်လုံးပေးထားတယ်လို့ ဆိုပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က အလယ်တန်းပြဆရာမတဦးက “အလယ်တန်းကျောင်းတွေတော့ အဲ့ဒီလို စောင့်ခိုင်းတာမျိုးမရှိဘူး။ ကျောင်းတက်ချိန် ၉ နာရီဆိုပေမယ့် ၈ နာရီခွဲအရောက် လာခိုင်းတယ်။ ပြီးတာနဲ့ ကျောင်းတံခါးပိတ်ထားတာ။ ဘာလို့ဂိတ်စောင့်ခိုင်းလဲ ဆိုတာတော့ မသိဘူး။ သူတို့တခုခုဖြစ်မှာစိုးလို့ ကျောင်းသားတွေကို စောင့်ခိုင်းတာဆိုရင်တော့ မကောင်းဘူးပေါ့”လို့  ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမတွေဟာ ကျောင်းဝတ်စုံကို ပြင်ပမှာ ဝတ်ဆင်တာမျိုး မရှိတော့ဘဲ ကျောင်းကို ရောက်မှသာ ကျောင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်တာမျိုးတွေကို ယနေ့အထိ လုပ်‌ဆောင်နေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက သန်းနဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ CDM ကျောင်းဆရာ ဆရာမတွေကတော့  စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်တာ မရှိတော့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013