DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီဈေး တလီတာ ကျပ် ၂,၀၀၀ အောက် ပြန်ကျဆင်း
DVB
·
October 5, 2023
ဓာတ်ဆီဈေး တလီတာ ကျပ် ၂,၀၀၀ အောက် ပြန်ကျဆင်း
Donate to DVB

ကမ္ဘာ့ဈေးကွက်မှာ လောင်စာဆီဈေးနှုန်း ပြန်ကျဆင်းလာတာကြောင့် မြန်မာပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေလည်း ပြန်လည်ကျဆင်းလာပါတယ်။

စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ အောက်တိုဘာ ၅ ရက် စက်သုံးဆီရည်ညွှန်းဈေးနှုန်း‌တွေအရ ဓာတ်ဆီတလီတာကို ၅၅ ကျပ်၊ ဒီဇယ် တလီတာကို ၆၅ ကျပ် ၂၄ နာရီအတွင်း ပြန်လည်ကျဆင်းလာတာပါ။

ကော်မတီရဲ့ ဒီနေ့ အောက်တိုဘာ ၅ ရက် ရန်ကုန်စျေးကွက်အတွက် သတ်မှတ်ဈေးနှုန်းက အောက်တိန်း ၉၂ တလီတာကို ၁,၉၉၀ ကျပ်၊ ၉၅ တလီတာကို ၂,၀၈၅ ကျပ်၊ ဒီဇယ်တလီတာကို ၂,၄၀၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၄၄၅ ကျပ် ဖြစ်ပါတယ်။

“ဒီနေ့ ဆီဈေးတွေ ဆက်ကျတယ်။ ၉၂ ဆိုရင် ၂,၀၀၀ အောက်ထိ ဆင်းသွားပြီ။ ထိပ်စီးပြောင်းသွားတာပေါ့။ စင်ကာပူဈေးကျလို့ ပြန်ကျတာ” လို့ အသေးစား စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက တိုင်းနဲ့ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းစျေးတွေကို နေ့စဉ် ထုတ်ပြန်ပေးနေတာဖြစ်ပြီး နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေအတွက် စက်သုံးဆီဈေး သတ်မှတ်နှုန်းထားတွေကလည်း ဒီကနေ့မှာ လျော့နည်း ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူမှာ ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဓာတ်ဆီ အောက်တိန်း ၉၂ ဈေးက အတက်ဘက်မှာပဲ ဆက်ရှိနေပြီး ဒီဇယ်ဈေးကတော့ ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက ရန်ကုန်စျေးကွက်မှာ အောက်တိန်း ၉၂ တလီတာကို ၁,၈၈၀ ကျပ်၊ ၉၅ တလီတာကို ၁,၉၅၀ ကျပ်၊ ဒီဇယ်တလီတာကို ၂,၄၈၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၅၆၅ ကျပ်ထိ ရှိခဲ့ပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမဲ့ မြန်မာနိုင်ငံတွင်း အခြေခံ ကုန်ဈေးနှုန်းတွေကတော့ အတက်ဘက်မှာပဲ ဆက်ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013