DVB Logo
Home
နိုင်ငံတကာ
PKK ပစ်မှတ် ၁၆ ခုကို တူရကီလေတပ် တိုက်ခိုက်ဖျက်ဆီး
DVB
·
October 5, 2023
PKK ပစ်မှတ် ၁၆ ခုကို တူရကီလေတပ် တိုက်ခိုက်ဖျက်ဆီး
Donate to DVB

တူရကီလေတပ်ဟာ အောက်တိုဘာ ၃ ရက်က အီရတ်မြောက်ပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ရဲ့ ပစ်မှတ် ၁၆ ခုကို ဖျက်ဆီးခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးတွေကို အီရတ်မြောက်ပိုင်းက မေတီနာ၊ ဂါရာ၊ ဟာကွပ်၊ ကန်ဒီနဲ့ အေးစို့စ် ဒေသတွေမှာ ည ၈ နာရီက တိုက်ခိုက်ခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။

အရပ်သားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ဆောင်ချက်အားလုံးကို ရှောင်ရှား ဆောင်ရွက်ခဲ့တယ်လို့လည်း ပြောပါတယ်။

PKK က တာဝန်ရှိတယ်လို့ အခိုင်အမာပြောထားတဲ့ တူရကီမြို့တော် အန်ကာရာက တူရကီအစိုးရ အဆောက်အဦတွေရှေ့မှာ တနင်္ဂနွေနေ့က ဗုံးခွဲတိုက်ခိုက်မှုအပြီး တူရကီလေတပ်က တုံ့ပြန်တဲ့အနေနဲ့ ခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013