DVB Logo
Home
နိုင်ငံတကာ
အစိုးရအသုံးစရိတ် အစီအစဉ်သစ် လုပ်ဆောင်ကြရန် သမ္မတ ဘိုင်ဒင် တောင်းဆို
DVB
·
October 5, 2023
အစိုးရအသုံးစရိတ် အစီအစဉ်သစ် လုပ်ဆောင်ကြရန် သမ္မတ ဘိုင်ဒင် တောင်းဆို
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဝါရှင်တန်မှာ စိတ်ပျက်မနှစ်မြို့စရာ ပတ်ဝန်းကျင်ကို ပြောင်းလဲပြီးတော့ ဘတ်ဂျက် အသုံးစရိတ် အစီအစဉ်သစ်ကို လုပ်ဆောင်ကြဖို့ အောက်တိုဘာ ၄ ရက်မှာ နိုင်ငံရေးခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။

ယာယီအသုံးစရိတ် အစီအစဉ်ဟာ အလောတကြီး အတည်ပြုထားရတဲ့ ကာလတိုအစီအမံ ဖြစ်ပြီး ရက်သတ္တပတ်တွေ အတွင်းမှာပဲ သက်တမ်းကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်အရ အစိုးရအတွက် ရန်ပုံငွေဟာ နောက်ထပ် ရက်ပေါင်း ၄၀ သာ အချိန်ရထားလို့ အစိုးရ လုပ်ငန်းတွေရပ်သွားနိုင်တဲ့ အခြေအနေ နောက်တကြိမ် ထပ်မကြုံသင့်တော့ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“ကျနော်တို့မှာ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာ သိထားပြီးသားပေမဲ့ တယောက်ကိုတယောက် ရန်သူလိုမြင်နေတာကို ရပ်ပစ်ဖို့လိုပါတယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။

အချင်းချင်း စကားပြောကြဖို့၊ ပြောတာတွေကို နားထောင်ကြဖို့၊ အချင်းချင်း အလုပ်တွဲလုပ်ဖို့တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ဆန့်ကျင်ဘက် နိုင်ငံရေးပါတီ ၂ ခုက ပူးပေါင်းလုပ်ရမှာ ဖြစ်တယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

ရီပတ်ဘလစ်ကန်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကက်ဗင် မက်ကာသီကို လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချပြီးနောက် ဥပဒေပြုအဖွဲ့အတွင်း မငြိမ်မသက် ဖြစ်ခဲ့ရအပြီးမှာ ဒီမှတ်ချက်စကားတွေကို ဘိုင်ဒင်က ပြောလိုက်တာပါ။

ရီပတ်ဘလစ်ကန် ပါတီဝင်တွေဟာ နောက်တက်လာမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာကို ရွေးချယ်ဖို့အတွက် အောက်တိုဘာ ၁၁ ရက်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013