DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၁၃ ဦး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
October 4, 2023
ထိုင်းတွင် မြန်မာအလုပ်သမား ၁၃ ဦး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ တရားဝင် သွားရောက်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၃ ဦးဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမား ၁၃ ဦးထဲက ၃ ဦးဟာ ထိုင်းနိုင်ငံ၊ စူဖန်ဘူရီမြို့ရှိ A-Time Happiness ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့နဲ့ ကျန် ၁၀ ဦးဟာ ထိုင်းနိုင်ငံ၊ စမူပရကန်ခရိုင်၊ ဘန်ဖီမြို့ရှိ THONGYOY Construction ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ ကုမ္ပဏီတခုနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ကုမ္ပဏီက မြန်မာအလုပ်သမား ၁၀ ဦးကို စာချုပ်ပါလုပ်ငန်းခွင် မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ ပါချန်ဘူရီမြို့ Cese 2 ဆောက်လုပ်ရေးဆိုက်ကို သြဂုတ် ၈ ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကာယကံရှင်အလုပ်သမားတဦးက “ကျနော်တို့ ၁၀ ယောက်ဟာ ပါချန်ဘူရီမြို့မှာ တလလောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ဆောက်လုပ်ရေးဆိုက်မှာ ပစ္စည်းပြတ်တာကြောင့် မြန်မာအေးဂျင့်က အယုဒ္ဓယမြို့ကို ပို့ဆောင်ပေးခဲ့တယ်။ အယုဒ္ဓယမြို့မှာ ညဆိုင်း ၂ ရက်ဆင်းရပြီး နေထိုင်ရေး အခက်အခဲတွေကြောင့် စူဖန်ဘူရီမြို့ကို ပို့ဆောင်ပေးခဲ့တယ်။ ဆူဖန်ဘူရီမြို့မှာ တလလောက် အလုပ်အကိုင်မရှိ နေရပြီး အဲဒီမြို့မှာရှိနေတဲ့ မြန်မာအလုပ်သမား ၃ ဦးနဲ့ ပေါင်းကာ ဖူးခက်မြို့ကို ပို့ပေးတယ်။ ကျနော်တို့ ၁၃ ယောက်ဟာ ဖူးခက်မြို့ကိုရောက်တာ တပတ်လောက်ရှိနေပြီ၊ အလုပ်က ၃ ရက်လောက်ပဲ ဆင်းရသေးတယ်။ ပါချန်ဘူရီမြို့မှာလုပ်တဲ့ လစာကိုလည်း ၅,၀၀၀ ပဲပေးတယ်။ ကျန်ပိုက်ဆံကို ရဖို့အတွက် စူဖန်ဘူရီမြို့မှာ တလလောက် စောင့်ရတယ်” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ ပါချန်ဘူရီမြို့မှ ဖူးခက်မြို့ရောက်တဲ့အထိ ဆောက်လုပ်ရေးဆိုက်တွေမှာ အလုပ်လုပ်ကိုင်ခဲ့ပြီးတဲ့နောက် အလုပ်ပုံမှန်မဆင်းရတာ၊ လုပ်အားခ အပြည့်အဝ ထုတ်ပေးဖို့ အချိန်ကြာတာ၊ ချေးငွေမထုတ်ပေးတာ၊ စာချုပ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီတာနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း (WAG) မှ ကိုမုန်တိုင်းက “မြန်မာအလုပ်သမား ၁၃ ယောက်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ကုမ္ပဏီနဲ့ ဆက်သွယ်တယ်။ ကုမ္ပဏီဘက်က မြန်မာအလုပ်သမားတွေကို ကိုယ့်လမ်းစရိတ်နဲ့ကိုယ် ဘန်ကောက်သံရုံးမှာ လာရောက်ဖြေရှင်းဖို့ ပြောတယ်။ ကုမ္ပဏီဘက်က အဲလိုပြောတာ ကျနော်တို့ဘက်က လက်ခံပေးလို့မရဘူး။ အခုလက်ရှိမှာတော့ ဖူးခက်ဘက်က လူကြီးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013