DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ငါးဖမ်းလုပ်ငန်းအများစု အရှုံးပေါ်နေ
DVB
·
October 4, 2023
မွန်ပြည်နယ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ငါးဖမ်းလုပ်ငန်းအများစု အရှုံးပေါ်နေ
Donate to DVB

မွန်ပြည်နယ်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေ ပြန်စတင်လာပေမဲ့ ရာသီဥတု ဆိုးရွားမှုနဲ့အတူ ငါးအရနည်းတာကြောင့် လုပ်ငန်းအများစု အရှုံးပေါ်နေတယ်လို့ ရေးမြို့နယ် ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းရာသီကို နှစ်စဉ် ဇူလိုင်လကနေ ဧပြီလအထိ သတ်မှတ်ထားပေမဲ့ အခုနှစ် မိုးတွင်းကာလအတွင်း ပင်လယ်ပြင်မှာ မုန်တိုင်း ပိုမိုကျရောက်လာတာကြောင့် ငါးဖမ်းလုပ်ငန်း မလုပ်ရဘူးလို့ ရေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းကာလအတွင်း စက်သုံးဆီ အပါအဝင် ငါးဖမ်းဆက်စပ်ပစ္စည်းတွေ ဈေးနှုန်း အဆမတန်မြင့်တက်နေတာ၊ ငါးသယံဇာတ ပိုမိုပြုန်းတီးလာတာကြောင့် ငါးအရနည်းပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ငါးရရှိမှုနည်းပါးပြီး ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အရှုံးပေါ်ခဲ့တဲ့အတွက် ငါးဖမ်းရာသီ မကုန်ခင်မှာဘဲ ငါးဖမ်းလှေတွေ လျှော့ချလုပ်ကိုင်ရတာနဲ့ လုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့ အခြေအနေ ကြုံခဲ့ရတာလည်း ရှိတယ်လို့ ရေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ ရေသံယဇာတထိန်းသိမ်းမှု အားနည်းနေတာကြောင့် ဖမ်းဆီးရမိတဲ့ ငါးတွေလည်း ရောင်းတန်းမဝင်တဲ့ အခြေအနေနဲ့ ကြုံလာရသလို သယံဇာတ ထိန်းသိမ်းမှုတွေကို အချိန်မီမလုပ်ဆောင်နိုင်ပါက ငါးမျိုးပြုန်းတီးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာပါ။

မွန်ပြည်နယ်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၃,၀၀၀ ကျော်ရှိပြီး နှစ်စဉ် ငါး၊ ပုဇွန်တန်ချိန် သိန်းချီထွက်ရှိနေကာ ထွက်ရှိလာတဲ့ ရေထွက်ကုန်တွေကတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပို့ကုန်ကန့်သတ်ချက်တွေအပြင် တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် တခြားလုပ်ငန်းတွေနည်းတူ ငါးလုပ်ငန်းလည်း အကြီးအကျယ် အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013