Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် ရေနံချက်စက်ရုံ ပေါက်ကွဲပြီး အနည်းဆုံး ၃၇ ဦးသေဆုံး
DVB
·
October 4, 2023
WorldNews_Nigeria blast_Reuters_04102023

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း ရစ်ဗားစ်ပြည်နယ်မှာ အောက်တိုဘာ ၂ ရက် အစောပိုင်းက  တရားမဝင် ရေနံချက်စက်ရုံတရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်ယောက် အပါအဝင် အနည်းဆုံး လူ ၃၇ ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ အီမိုဟွာဒေသရဲ့ လုံခြုံရေးတာဝန်ရှိသူက ပြောပါတယ်။

ရိုက်တာရဲ့ မျက်မြင်သက်သေတယောက်ကတော့ မီးလောင်ထားတဲ့ ထန်းပင်တွေနဲ့ ဆိုင်ကယ်တစီးတို့ ရှိနေတဲ့ မြေပြင်မှာ မီးလောင်ကျွမ်းနေတဲ့ လူ ၁၅ ဦးရဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ပါတယ်။

ရေနံချက်စက်ရုံတရုံမှာ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ်  မသိရသေးပါဘူး။ 

နိုင်ဂျီးရီးယားရဲ့ ရေနံကြွယ်ဝတဲ့ နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသမှာ တရားမဝင် ရေနံချက်လုပ်ငန်းက ပုံမှန်လို ရှိနေကြဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေဟာ အမြတ်အစွန်းရရှိအောင် လောင်စာဆီထုတ်ပြီး ရောင်းချဖို့အတွက် ရေနံပိုက်လိုင်းတွေကနေ ပိုက်ခလုတ်ခိုးနှိပ်ပြီး ထုတ်ယူလေ့ရှိကြပါတယ်။

လောင်စာဆီအတွက် စည်တွေထဲမှာ ဆူပွက်နေတဲ့ ရေနံစိမ်းတွေကို ထုတ်ယူကြတဲ့ အလေ့အထဟာ မကြာခဏ လူသေစေတတ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024