DVB Logo
Home
အားကစား
မူဒရစ်၏ အံ့အားသင့်စရာ ခြေစွမ်းကို မြင်ရမည်ဟု ချဲလ်ဆီးနောက်ခံလူ ကိုဝဲလ် ချီးကျူး
DVB
·
October 4, 2023
မူဒရစ်၏ အံ့အားသင့်စရာ ခြေစွမ်းကို မြင်ရမည်ဟု ချဲလ်ဆီးနောက်ခံလူ ကိုဝဲလ် ချီးကျူး
Donate to DVB

အသင်းဖော် မူဒရစ်ရဲ့ အံ့အားသင့်စရာခြေစွမ်းကို မြင်တွေ့ရတော့မှာဖြစ်ကြောင်း ချဲလ်ဆီး နောက်ခံလူ ကိုဝဲလ်က ပြောသွားပါတယ်။

ယူကရိန်းတိုက်စစ်ကစားသမားဟာ ဖူဟမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးရရှိခဲ့တာပါ။

မူဒရစ်ဟာ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးမှာရှိရမဲ့ အရည်အချင်းတွေအားလုံးရှိပြီး နေရာသစ်မှာ အသားကျဖို့ လိုအပ်ခဲ့လို့သာ ခြေစွမ်းမပြနိုင်ဘဲ ဖြစ်ခဲ့ရတာဖြစ်ကြောင်း နောက်ခံလူ ကိုဝဲလ်က ပြောပါတယ်။

မူဒရစ်ရဲ့ အံ့အားသင့်စရာခြေစွမ်းကို လေ့ကျင့်ရေးကွင်းမှာ နေ့စဉ် မြင်တွေ့နိုင်ပြီး မူဒရစ်ရဲ့ အကောင်းဆုံးပုံစံကို မကြာခင် မြင်တွေ့ရတော့မှာဖြစ်ကြောင်း နောက်ခံလူ ကိုဝဲလ်က ပြောပါတယ်။

မူဒရစ်ဟာ မနှစ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ ရှက်တာဒိုးညက်ခ်ကနေ ပေါင် ၈၈ သန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013