နီပေါနိုင်ငံအနောက်ပိုင်းမှာ အောက်တိုဘာ ၃ ရက်က ငလျင် ၂ ခု လှုပ်ခတ်ခဲ့လို့ လူ တယောက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးကာ မြေပြိုမှုဖြစ်ပွားခဲ့လို့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့သွားခဲ့ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ငလျင်ရဲ့အရှိန်ကြောင့် အိန္ဒိယနိုင်ငံရဲ့မြို့တော်အထိပါ တုန်ခါမှုတွေ ဖြစ်သွားကြောင်းလည်း ဆိုပါတယ်။
ဟိမဝန္တာပြည်နယ်က ဘာဂျန်းခရိုင်မှာ ပြင်းအား ၆ ဒသမ ၃ နဲ့ ၅ ဒသမ ၃ ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ရာမှာ တောင်ပိုင်းလွင်ပြင်ဆီ ရောက်ရှိတဲ့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအရာရှိ ရာမာအချာယာက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လူတယောက်ကတော့ သူ့အပေါ် အရာဝတ္ထုတခုခု ပြုတ်ကျမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး၊ ဘာဂျန်းခရိုင်အတွင်းရှိ ချန်းပူးရ်မြို့မှာတော့ နေအိမ်တချို့ ပြိုကျခဲ့ကြောင်း ခရိုင် ထိပ်တန်းအရာရှိ ဘာဘူရမ် အာရ်ယာလ်က ပြောဆိုပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း မြောက်ပိုင်းဒေသတချို့တို့မှာ ငလျင်လှုပ်ခတ်မှုကြောင့် နယူးဒေလီရှိ တချို့နေရာတွေမှာ လူတွေဟာ နေအိမ်တွေနဲ့ ရုံးခန်းတွေအတွင်းမှ ပြေးထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှုကို ချက်ချင်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Source/Photo-Reuters