DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် Siam Paragon ကုန်တိုက်တွင် ၁၄ နှစ်အရွယ် သေနတ်သမား ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံး
DVB
·
October 3, 2023
ဘန်ကောက် Siam Paragon ကုန်တိုက်တွင် ၁၄ နှစ်အရွယ် သေနတ်သမား ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် သေဆုံးကာ တခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက အောက်တိုဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က သူတို့ဟာ ဘန်ကောက်မြို့တော်ရှိ ဇိမ်ခံကုန်တိုက်တခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အသက် ၁၄ နှစ်အရွယ် သံသယရှိသူ သေနတ်သမားတဦးကို ဖမ်းဆီးလိုက်ကြောင်းနဲ့ အရေးပေါ်ဌာနက ပြောကြားချက်အရ လူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း ပြောပါတယ်။

မြို့တော်ရဲတပ်ဖွဲ့ စုံထောက်ဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သေနတ်သမားလို့ သံသယရှိသူ အသက် ၁၄ နှစ်အရွယ် လူငယ်တဦးကို ဖမ်းဆီးထားပြီး ဆယမ် ပါရာဂွန် ဈေးဝယ်ကုန်တိုက်မှာ ဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေကြောင်း ရေးသားထားပါတယ်။

Source-Reuters, Photo-Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013