DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် Siam Paragon ကုန်တိုက်ကြီးတွင် ပစ်ခတ်မှုဖြစ်   
DVB
·
October 3, 2023
ဘန်ကောက် Siam Paragon ကုန်တိုက်ကြီးတွင် ပစ်ခတ်မှုဖြစ်   
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ လူစည်ကားရာ အထင်ကရ ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်ကြီးထဲမှာ အောက်တိုဘာ ၃ ရက် ဒီနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ ပစ်ခတ်သံ ၃ ကြိမ်လောက် ကြားရပြီးတဲ့နောက် ကုန်တိုက်ထဲကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကာ သူ့ထက်ငါ အပြေးအလွှား ကုန်တိုက်အပြင်ဘက်ကို ထွက်ပြေးလာကြသလို တချို့ကလည်း ဈေးဆိုင်ခန်းတွေ ပိတ်ပစ်လိုက်ကြပါတယ်။ 

အခင်းဖြစ်တဲ့နေရာကို ပရတူနမ့်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရောက်လာပြီး ဘေးကင်းတဲ့နေရာ ရှောင်တိမ်းကြဖို့ သတိပေးပြောဆိုနေခဲ့ပါတယ်။ 

သေနတ်သမား ထွက်ပြေးလို့မရအောင် ကုန်တိုက်အနီးနားရှိ လမ်းတွေကို ပိတ်ဆို့လိုက်ပြီး BTS မိုးပျံရထားပြေးဆွဲမှုလည်း ရပ်နားထားလိုက်ရပါတယ်။ 

နောက်ဆုံး သိရတဲ့သတင်းအရ သေနတ်သမားမှာ ကိုယ်ကြပ်အင်္ကျီ၊ ဦးထုပ်ဆောင်းထားတဲ့  ကာကီရောင် ပြောက်ကျား ဘောင်းဘီဝတ်ဆင်ထားတဲ့ အမျိုးသား ၁ ယောက်ဖြစ်ပြီး ဖမ်းဆီးရမိပြီလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကြောင့် လုံခြုံရေးအစောင့် တယောက်အပါအဝင် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးနားဆေးရုံကို အရေးပေါ်ပို့ဆောင်ထားကာ  ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲ လို့ဆိုပါတယ်။  

ကိုးကား - khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013