DVB Logo
Home
နိုင်ငံတကာ
တူရကီတွင် PKK လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူ ၉၀ နီးပါး ဖမ်းဆီးခံရ
DVB
·
October 3, 2023
တူရကီတွင် PKK လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူ ၉၀ နီးပါး ဖမ်းဆီးခံရ
Donate to DVB

တူရကီလုံခြုံရေးတပ်ဖွဲ့တွေဟာ တနိုင်ငံလုံးရှိ တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ အယောက် ၉၀ နီးပါးကို ညတွင်းချင်း ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

မြို့တော် အန်ကာရာက ဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်ကြောင်း PKK အဖွဲ့က အခိုင်အမာပြောဆိုခဲ့ပြီး ၂ ရက်အကြာမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းရှိ PKK ကာ့ဒ်စစ်သွေးကြွအဖွဲ့ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ယူနစ်တွေကို ဖြိုခွင်းနှိမ်နင်းဖို့ ပြည်နယ် ၁၆ ခုကျော်မှာ စစ်ဆင်ရေးပေါင်း ၄၄၆ ခုကို ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက X ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ  ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်က တိုက်ခိုက်သူ ၂ ဦးဟာ အန်ကာရာရှိ အစိုးရအဆောက်အအုံတွေ အနီးမှာ ဗုံးတလုံး ဖောက်ခွဲခဲ့ရာမှာ သူတို့ ၂ ဦးလုံး သေဆုံးခဲ့ပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ PKK စစ်သွေးကြွအဖွဲ့က ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

PKK အဖွဲ့ရဲ့ ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ တူရကီအစိုးရဟာ အစ္စတန်ဘူလ်က သံသယရှိသူတွေကို ညတွင်းချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းမှာ အီရတ်မြောက်ပိုင်းရှိ စစ်သွေးကြွပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013