DVB Logo
Home
နိုင်ငံတကာ
ဂရိတွင် လူ ၇၀,၀၀၀ ဆံ့ အိုလံပစ်အားကစားကွင်း ပိတ်ပစ်
DVB
·
October 3, 2023
ဂရိတွင် လူ ၇၀,၀၀၀ ဆံ့ အိုလံပစ်အားကစားကွင်း ပိတ်ပစ်
Donate to DVB

ဂရိအာဏာပိုင်တွေဟာ ၂၀၀၄ အေသင်အိုလံပစ် အားကစားပြိုင်ပွဲအတွက် တည်ဆောက်ထားတဲ့ အားကစားရုံရဲ့ သံမဏိအမိုးခုံး ခိုင်ခံ့မှုအပေါ် စိုးရိမ်နေလို့ နိုင်ငံရဲ့ အကြီးဆုံးအားကစားကွင်းကို ပိတ်လိုက်ပါတယ်။

လူ ၇၀,၀၀၀ ဆံ့တဲ့ အိုလံပစ်အားကစားကွင်းမှာ ဥရောပချန်ပီယံလိဂ်နဲ့ မကြာသေးမီက နွေရာသီမှာ Guns N' Roses တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေ အပါအဝင် အဓိက အားကစားပွဲစဉ်တွေကို တနှစ်ပတ်လုံး ကျင်းပခဲ့ပါသေးတယ်။

အားကစားကွင်းရဲ့ အမိုးအပြင် အနီးနားက နိုင်ငံရဲ့ တခုတည်းသော စက်ဘီးစီးလမ်းကြောင်းမှာ တရားဝင်ခွင့်ပြုထားတဲ့ လုံလောက်တဲ့အဆင့်ကို မပြည့်မီတာကို လေ့လာတွေ့ရှိပြီးတဲ့နောက် လှုပ်ရှားမှုအားလုံးကို အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ အားကစားကွင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

ကွင်းနှစ်ခုလုံးဟာ အိုလံပစ်အားကစားစင်တာ OAKA မှာရှိပြီး ဧက ၂၅၀ ကျယ်ဝန်းတဲ့ ဂရိနိုင်ငံရဲ့ အကြီးမားဆုံး အားကစားရုံကြီးရဲ့ အစိတ်အပိုင်းဖြစ်ပြီး ၂၀၀၄ အားကစားပြိုင်ပွဲကို လက်ခံကျင်းပခဲ့တဲ့နေရာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ အခြေအနေ ဆိုးရွားလာခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး အိုလံပစ် အားကစားကွင်းရဲ့ ခေါင်မိုးကို အမေရိကန်နိုင်ငံ နယူးယောက်မြို့က Ground Zero သယ်ယူပို့ဆောင်ရေး ဗဟိုအချက်အချာဌာနကိုလည်း ဒီဇိုင်းထုတ်ခဲ့တဲ့ ဆုရ စပိန်ဗိသုကာပညာရှင် စန်တီယေဂို ကာလာထရာဗာက ဒီဇိုင်းထုတ်ခဲ့တာပါ။

ဇူလိုင်လမှာ ဒုတိယလေးနှစ် သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ကွန်ဆာဗေးတစ် အစိုးရက အိုလံပစ် စုပေါင်းအားကစားရုံရဲ့ အခြေအနေအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဆောက်အဦကို ၂၀၂၁ ခုနှစ်မှာ ပြန်မွမ်းမံဖို့ ကတိပြုခဲ့ပြီး အဆောက်အဦတွေရဲ့ အခြေအနေကို လေ့လာဖို့ အမိန့်ပေးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013