DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်မြန်မာ ၁၆ ဦး အပါအဝင် ၂၃ ဦး ဖမ်းဆီးခံရ
DVB
·
October 2, 2023
မလေးရှားတွင် တရားမဝင်မြန်မာ ၁၆ ဦး အပါအဝင် ၂၃ ဦး ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ မာလကာပြည်နယ်ရှိ မလကာစင်ထရယ်နားက ဆိုင်ခန်းတွေကို မလေးရှားရဲတပ်ဖွဲ့က ‌အောက်တိုဘာ ၁ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး အပါအဝင် ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မလေးရှား လူ‌မှုဝင်ကြီးကြပ်ရေးအရာရှိ ၂၃ ဦးနဲ့ အေဂျင်စီ ၅ ခုမှ တပ်ဖွဲ့ဝင် ၂၁ ဦးဟာ မလကာစင်ထရယ် အနီးမှာရှိတဲ့ ဆိုင်ခန်းတွေကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ဝန်ထမ်းတွေနဲ့ ဈေးလာဝယ်တဲ့ နိုင်ငံခြားသားတွေဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦး၊ နီပေါနိုင်ငံသား ၁၇ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၃ ဦး စုစုပေါင်း ၁၉၉ ဦးတို့ကို တွေ့ရှိခဲ့ပါတယ်။

နိုင်ငံခြားသား ၁၉၉ ဦးထဲကမှ အထောက်အထား အပြည့်အစုံပါရှိတဲ့ နိုင်ငံခြားသား ၁၁၅ ‌ဦးကို အဲဒီနေရာမှာတင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနဆီ ခေါ်ယူပြီး ဆက်လက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ တရားဝင်အချက်အလက်တွေ တင်ပြခဲ့တဲ့ နိုင်ငံခြားသား ၅၈ ဦးနဲ့ အသက်မပြည့်သေးသူ ၃ ဦးကို လွှတ်ပေးခဲ့ပြီး စာရွက်စာတမ်း အထောက်အထား မပါရှိတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး အပါအဝင် ၂၃ ဦးကို ပုဒ်မ ၆(၁)(ဂ) နဲ့ ပုဒ်မ ၁၅(၄) နဲ့ အရေးယူသွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး အပါအဝင် ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

Photo - Jabatan Imigresen Malaysia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013