DVB Logo
Home
မြန်မာသတင်း
ကသာတွင် စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာများကို ပအဖ အဖွဲ့က ဖမ်းဆီး
DVB
·
October 2, 2023
ကသာတွင် စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာများကို ပအဖ အဖွဲ့က ဖမ်းဆီး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာနဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားတစီး  အောက်တိုဘာ ၁ ရက် နေ့လယ်က ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မန္တလေးမြို့ကနေ ကသာမြို့ကို လာတဲ့ ကုန်တင်ကားဟာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“အဖမ်းခံရတဲ့ ကားပေါ်က စစ်တပ်ထုတ်ကုန်ပစ္စည်းတွေက အတော်များတယ်။ အဖမ်းခံရတာလည်း မပြောနဲ့လေ။ ဒီလောက် ကာကွယ်ရေးအဖွဲ့နဲ့ တော်လှန်ရေးသမားအများစုက စစ်တပ်ထုတ်ကုန်တွေ မသယ်ဆောင်ဖို့၊ အသုံးမပြုကြဖို့ အကြိမ်ကြိမ် အသိပေး၊ သတိပေးတာတွေ ရှိနေတာကို သယ်လာရဲသေးတာ။ အဖမ်းခံရတာ နည်းတောင်နည်းသေးတယ်။ ကိုယ်ကျိုးစီးပွားပဲကြည့်တဲ့ စီးပွား‌ရေးသမားတွေကတော့ဗျာ ပြည်သူတွေရဲ့အသက်ကို တန်ဖိုးမထားကြပါဘူး။ အခုလို ဖမ်းမိတော့လည်း ခံကြပေါ့လို့ပဲ ပြောရမယ်” လို့ ပြည်သူ့ကာကွယ်ရေးစစ်‌ဆေးရေးဂိတ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်တပ်ထုတ်ကုန် မြန်မာဘီယာ၊ Andaman Gold၊ ဒဂုံဘီယာ၊ Mandalay Rum, Black Shield Stout, Army Rum စတဲ့ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာလို့ ကသာမြို့နယ် ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ ပအဖအဖွဲ့ရဲ့ သယံဇာတစစ်ဆေးရးဂိတ်က‌နေ ဖမ်းဆီးတာ ဟုတ်ပါတယ်ဗျ။ အရေအတွက်ကတော့ စာရင်းမပြုစု‌‌ရသေးဘူး။ ကားသမား နှစ်ဦးနဲ့ ကားကိုတော့ နောက်တခါ မသယ်ဆောင်တော့ပါဘူးလို့ ကတိခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းဆီးရထားတဲ့ ပစ္စည်းတွေကတော့ အကုန်လုံးဖျက်ဆီးတာတွေ လုပ်ဆောင်သွားမယ်။” 

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၅ ရက်‌က မင်းကျောင်းကုန်းရွာ နဲ့ ချောင်းဝရွာကို စစ်ကြောင်းထိုးပြီး ချောင်းဝရွာအနီး သွယ်တန်းထားတဲ့ ဓာတ်တိုင် ၆ တိုင်ခန့်ကို မိုင်းခွဲသွားတာကြောင့် ချောင်းဝ၊ မိုးတားကြီး၊ မြေနု၊ မိုးတားလေး၊ ရွှေပြည်သစ်၊ မဲဟင်း၊ မင်းလယ်၊ ခတက်ချောင်၊ မင်္ဂလသုခ၊ သာစည်၊ နလယ်အင်း၊ ပေါမနဲ့ နတ်လှိုင် စတဲ့ ရွာတွေ လျှပ်မီးပြတ်တောက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013