တရုတ်နဲ့ ဂျာမနီအစိုးရ ကိုယ်စားလှယ်တွေ ဂျာမနီနိုင်ငံ ဖရန့်ဖာ့ထ်မြို့မှာ အောက်တိုဘာ ၁ ရက်က တွေ့ဆုံပြီး ကြွေးမြီစနစ် ပြန်လည်ပြင်ဆင်ရေးအပါအဝင် ဘဏ္ဍာရေးကိစ္စ ဆွေးနွေးအပြီး နှစ်နိုင်ငံကြား စျေးကွက်တိုးချဲ့ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
ပိုပြီးတာဝန်ယူမှုရှိတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် နှစ်ဖက်စလုံးမှာ အခွင့်အလမ်းတွေကို ဖန်တီးပေးလိမ့်မယ်လို့လည်း ဂျာမန် ဘဏ္ဍာရေးဝန်ကြီး ခရစ်စယံ လင်ဒ်နာက ပြောပါတယ်။
ပိုဆင်းရဲတဲ့နိုင်ငံတွေအတွက် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ၂၀ အဖွဲ့ G20 ရဲ့ အကြွေးစနစ် ပြန်လည်ဖွဲ့စည်းရေး မူဘောင်ကို တရုတ်က ထောက်ပံ့ကြောင်းပြတဲ့အတွက်လည်း လင်ဒ်နာက ကြိုဆိုလိုက်ပါတယ်။
ဒါပေမဲ့ ပြန်လည်ဖွဲ့စည်းရေး အစီအမံတွေအတွက် စည်းမျဉ်းအသေးစိတ်ကို မပြောသလို ပူးတွဲ ကြေညာချက်ကလည်း အသေးစိတ် အချက်အလက်တွေကို မဖော်ပြထားပါဘူး။
ဆင်းရဲတဲ့နိုင်ငံတွေအတွက် အကြွေးစနစ် အာမခံအကြွေး ဒါမှမဟုတ် အစုရှယ်ယာ လက်မှတ်လို ကြွေးမြီစနစ် ပြန်တည်ဆောက်ရာမှာ တခြားကြွေးရှင်တွေနဲ့အတူ အရှုံးပေါ်နေတဲ့ နိုင်ငံစုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေအတွက် တရုတ်ရဲ့ တောင်းဆိုမှုတွေကို ပြန်လျှော့ချဖို့ မျှော်လင့်ထားတယ်လို့ သတင်းရင်းမြစ်တရပ်က ဧပြီလမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အာရှနဲ့ အာဖရိကတိုက်တွေက အကြီးအကျယ် အကြွေးပိနေတဲ့ နိုင်ငံတွေ အများအပြားအတွက် အကြီးဆုံး ကြွေးရှင် ဖြစ်နေဆဲပါ။
တရုတ်အစိုးရဟာ ကြွေးမြီစနစ် ပြန်ဖွဲ့စည်းတည်ဆောက်နေတာကို အရှိန်မြှင့်ဖို့ အလျှော့ပေးတာတွေ လုပ်သင့်တယ် ဆိုတဲ့အချက်ကို တရုတ်နဲ့ ဂျာမနီလို နိုင်ငံတွေကြား ငြင်းခုန်နေကြပါတယ်။
တရုတ်နဲ့ ဂျာမနီ နှစ်နိုင်ငံအစိုးရတွေကြား တတိယအကြိမ်မြောက် ဘဏ္ဍာရေး အစည်းအဝေးကို နိုင်ငံတွေက ဗဟိုဘဏ်တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေ၊ ကြီးကြပ်ရေး အာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဖရန့်ဖာ့ထ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ဘဏ္ဍာရေးဝန်ဆောင်မှုတွေအတွက် ဒီမြို့ကို ဥရောပရဲ့ အချက်အချာဖြစ်စေရေး အားဖြည့်သွားဖို့ ဂျာမန်အစိုးရက လိုလားနေတယ်လို့ ဂျာမန် ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Source/Photo-Reuters