DVB Logo
Home
နိုင်ငံတကာ
အီလိနွိုက်ပြည်နယ်တွင် အဆိပ်သင့်ပစ္စည်းတင်ဆောင်သည့် ကုန်ကား တိမ်းမှောက်၊ ၅ ဦး သေဆုံး
DVB
·
October 1, 2023
အီလိနွိုက်ပြည်နယ်တွင် အဆိပ်သင့်ပစ္စည်းတင်ဆောင်သည့် ကုန်ကား တိမ်းမှောက်၊ ၅ ဦး သေဆုံး
Donate to DVB

 

အမေရိကန်နိုင်ငံ အီလိနွိုက်ပြည်နယ်တောင်ပိုင်းမှာ စက်တင်ဘာ ၃၀ ရက်က ဂါလံပေါင်း ထောင်နဲ့ချီတဲ့ အဆိပ်သင့်ပစ္စည်း တင်ဆောင်ခဲ့ရာ ကုန်တင်ကားကြီး တစီး တိမ်းမှောက် ခဲ့တာ ကြောင့် လူ ၅ ဦးသေဆုံးကာ နောက်ထပ် ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို ယာဉ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ မတော်တဆမှုအတွင်း ၁၂နှစ် အောက် ကလေးငယ် ၂ ဦးနဲ့အတူ  အခြားမိသားစုဝင် ၃ဦးတို့ သေဆုံးခဲ့ရတယ်လို့ အက်ဖင်ဟမ် ကောင်တီရဲ့ သေမှု သေခင်းရုံးက အတည်ပြုပါတယ်။ 

နောက်ထပ် ဒဏ်ရာရရှိခဲ့သူ ၅ ဦးကိုတော့ လေကြောင်းကတဆင့် ဒေသဆိုင်ရာ ဆေးရုံတွေအထိ ပို့ဆောင်ပေးခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။ 

ဒီဖြစ်ရပ်မှတဆင့် အမိုးနီးယားယိုစိမ့်မှု ဖြစ်ပွားခဲ့တာကြောင့် အခင်းဖြစ်ပွားရာ အချင်းဝက် တမိုင်အတွင်း ရွှေ့ပြောင်းမှုတွေ ပြုလုပ်ပေးခဲ့ရတယ်လို့  ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ ဘုတ်အဖွဲ့ကလည်း အမှတ်(၄၀) အဝေးပြေးလမ်းမကြီးရဲ့  တူတော်ပိုလစ်(စ်)ကျေးရွာအရှေ့ဘက် တစ်မိုင်ဝက်နီးပါး အတွင်း ဒီယာဉ်တိုက်မှုကို ပြန်လည် သုံးသပ်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမိုးနီးယားဓာတ်ငွေ့ဟာ အဆိပ်မဟုတ်တာကြောင့် အကြိမ်ကြိမ် ထိတွေ့မိရင်တောင် လူ့ခန္ဓာကိုယ်အပေါ် ရေရှည်သက်ရောက်မှု မရှိနိုင်ဘူးဆိုပြီး ဖော်ပြထားပါတယ်။ 

ဒါပေမယ့်လည်း လေထုထဲမှာ အမိုးနီးယားပါဝင်မှု အနည်းငယ်ရှိရုံနဲ့တင် မျက်စိ၊ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းတို့ကို ကျိန်းစပ် စေနိုင်တယ်လို့ ဆိုပါတယ်။ 

အလွန်မြင့်မားတဲ့ ဓာတ်ငွေ့ပါဝင်မှု အဆင့်တွေမှာတော့ အဆုတ်ကိုပါ ထိခိုက်ပျက်စီးစေနိုင် တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013