DVB Logo
Home
မြန်မာသတင်း
သန်လျင်တွင် စက်ရုံဝန်ထမ်းအဆောင် ဝါယာရှော့ဖြစ်မီးလောင်
DVB
·
October 1, 2023
သန်လျင်တွင် စက်ရုံဝန်ထမ်းအဆောင် ဝါယာရှော့ဖြစ်မီးလောင်
Donate to DVB

ရန်ကုန်၊ သန်လျင်မြို့နယ်၊ သမဝါယမကောလိပ်နားက ဆင်ဖြူတော်အထည်ချုပ် စက်ရုံရဲ့ဝန်ထမ်းအဆောင်  ၁ ခုမှာ စက်တင်ဘာ ၃၀ ရက်၊ မနေ့ညနေပိုင်းက ဝါယာရှော့ဖြစ်မီးလောင်ခဲ့တယ်လို့ မြန်မာမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ညနေ ၄ နာရီ ၈ မိနစ်က မီးလောင်မှု သတင်းရရှိတာကြောင့် သန်လျင်မြို့နယ်မီးသတ်နဲ့ အရပ်ဖက်အသင်းတွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

မေတ္တာရှင်သွေးနဲ့ ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “အထည်ချုပ်ရုံက အမျိုးသမီးဝန်ထမ်း အဆောင်အပေါ်မှာ လောင်တာပါ။ အပေါ်ထပ်မှာတော့ အခန်းတွေ ဖွဲ့ထားတာ များတယ်။ မီးခိုးတွေနဲ့ပိတ်နေတော့ ဘယ်နှခန်းအထိ ပါသွားလဲ အတိအကျတော့ မသိသေးဘူး။ လူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။

မီးလောင်မှုဟာ အဆောင်အပေါ်ထပ်ရှိ အခန်းတခုမှာ သုံးမိနစ်ရေနွေအိုး တည်ရာကနေ အပူလွန်ကဲ ဝါယာရှော့ဖြစ်တာက စတင်တာလို့သိရပြီး သွပ်ပြားကာ၊ အုတ်တိုက် အပေါ်တထပ်လုံး မီးလောင်သွားပါတယ်။

မီးလောင်မှုက ပျက်စီးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲဖြစ်ပြီး ညနေ ၄ နာရီ ၂၇ မိနစ်မှာ မီးထိန်း၊ ညနေ ၄ နာရီ ၃၇ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

စက်တင်ဘာ ၃၀ ရက်မှာပဲ ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်က ဂက်စ်အိုးအရောင်းဆိုင် မီးလောင်ခဲ့ပြီး ဆိုင်ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013