DVB Logo
Home
မြန်မာသတင်း
သတင်းပေးများဖော်ထုတ်ရန် ညွှန်ကြားပြီးနောက်  ရဲအရာရှိအချို့ စောင့်ကြည့်ခံနေရ
DVB
·
October 1, 2023
သတင်းပေးများဖော်ထုတ်ရန် ညွှန်ကြားပြီးနောက်  ရဲအရာရှိအချို့ စောင့်ကြည့်ခံနေရ
Donate to DVB

ပြည်ထဲဝန်ကြီးဌာနမှာရှိတဲ့ သတင်းပေးအရာရှိတွေကို ဖော်ထုတ်အရေးယူသွားဖို့ စစ်ခေါင်းဆောင်က မှာကြားထားတဲ့အတွက် ရဲအရာရှိတချို့စောင့်ကြည့်ခံနေရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဌာနအတွင်းက စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ လျှို့ဝှက်ချက်တွေ ပြင်ပပေးပို့သူတွေကို ရှာဖွေဖော်ထုတ်သွားဖို့ ဒု ဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ညွှန်ကြားခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပြောရရင် စစ်ဘက်ကဖြစ်တဲ့ပြသနာကို ရဲဘက်ကိုပုံချတာ။ စစ်ဆင်ရေးကိုဦးဆောင်တာ တပ်ကလူကရဲကိုလွှဲချတာ။ အခု ရာထူးတိုးမဲ့လူတွေရော၊ ရဲအရာရှိတချို့ပါ စောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။

ဒီလိုပြသနာတွေဟာ ကာကွယ်ရေးဘက်ကနေ ပြည်ထဲရေးကိုပြောင်းလာတဲ့ ရဲအရာရှိတွေက စစ်တပ်ဘက်ကို ပြန်လည်သတင်းပေးပို့ရာကနေ စစ်ဆင်ရေး သတင်းတွေ ပေါက်ကြားရတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အခု ရဲတပ်ဖွဲ့မှာ ဖိအားတွေ အများကြီးရှိတယ်။ လူကုန်ကူးတဲ့ကိစ္စ၊ မှုခင်းကိစ္စ၊ ဒေသလုံခြုံရေးကိစ္စ၊ စုံနေတာပဲ။ တပ်ဘက်က ရောက်လာတဲ့သူတွေက အလုပ်က မလုပ်ရသေးဘူး။ ဟိုအဘဆီ သတင်းပို့၊ ဒီအဘဆီ သတင်းပို့နဲ့ အဲမှာ သတင်းက ပေါက်ကြားတ၊  ရဲတွေကြောင့်မဟုတ်ဘူး” လို့ ရှင်းပြပါတယ်။

လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာသတင်းတွေပေါက်ကြားလို့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ၂ နှစ်ကျော်ကာလအတွင်း ပစ်ခတ်မှုတွေကြောင့် ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၅ ယောက် သေဆုံးပြီး၊ ဒဏ်ရာရသူ ၃၈၄ ယောက်ရှိပါတယ်။

ဒီနေ့ကျရောက်တဲ့  ၅၉ နှစ်မြောက် ရဲတပ်ဖွဲ့အခမ်းအနားမှာ ရာထူတိုးမယ်လို့ သတင်းထွက်နေတဲ့  ရဲမှူး ၂ ယောက်၊  ဒုရဲမှူး ၅ ယောက်၊ ရဲအုပ် ၂၆ ယောက်၊ ဒုရဲအုပ်  ၅၄ ယောက်၊ ရဲအရာခံ ၄ ယောက်နဲ့ ဦးစီးအရာရှိ ၁ ယောက်တို့ကို  ပြန်လည်စီစစ်ပြီး စောင့်ကြည့်နေတယ်လို့  ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013