
အနိုင်ရရှိခဲ့တဲ့ ဝုဗ်အသင်းကို ဂုဏ်ပြုကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးပြောကြားလိုက် ပါတယ်။
မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီမှာ ပထမဆုံး ရှုံးပွဲတွေ့ခဲ့ရတာပါ။
ဝုဗ်အသင်းရဲ့ ခံစစ်ကစားပုံအထူး ကောင်းမွန်ခဲ့ပြီး အနိုင်ရလဒ်ပါရယူသွားတဲ့အပေါ် ဂုဏ်ပြုကြောင်း ပွဲအပြီးမှာ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
“ ဝုဗ်အသင်းကို ဂုဏ်ပြုပါတယ်။ သူတို့ ခံစစ်က အတော်လေးကောင်းခဲ့တယ်။ ကျနော်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပေမဲ့ ၁၀ ယောက်အထိ ခံစစ်ကစားသွားတာကလည်း လုပ်ရကိုင်ရ ခက်စေပါတယ်။ ကျနော်တို့ခံစစ်ကလည်း သင့်တော်ကောင်းမွန်တဲ့ ပုံစံမှာ မရှိခဲ့ဘူး။”
ကွင်းလယ်လူ ရိုဒရီဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာ လူစားဝင်ကစားတဲ့ ကိုဗာချစ်ဟာလည်း အဆင်ပြေ အောင်ကစားနိုင်ခဲ့ကြောင်း၊ နေရာစုံမှာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
Photo-Reuters











