DVB Logo
Home
နိုင်ငံတကာ
ဆွီဒင်၌ ရာဇဝတ်တိုက်ဖျက်ရေးတွင် ရဲတပ်ဖွဲ့ကို စစ်တပ်ကပါ ကူညီမည်
DVB
·
September 30, 2023
ဆွီဒင်၌ ရာဇဝတ်တိုက်ဖျက်ရေးတွင် ရဲတပ်ဖွဲ့ကို စစ်တပ်ကပါ ကူညီမည်
Donate to DVB

ဆွီဒင်နိုင်ငံရဲ့  ရာဇဝတ်လှိုင်းအပေါ်  တိုက်ဖျက်ရာမှာ စစ်တပ်က ရဲတပ်ဖွဲ့ကို ပိုမိုအကူအညီပေးနိုင်ဖို့ လမ်းကြောင်း ဖွင့်ပေးမယ်ဆိုပြီး စက်တင်ဘာ ၂၉ ရက်မှာ အစိုးရအနေနဲ့ အတည်ပြုပါတယ်။

ဒီတစ်လတည်းမှာတင် လူ ပေါင်း ၁၂ ဦးအထိ သေဆုံးခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် ဆွီဒင်နိုင်ငံ အပေါ် လှုပ်ခတ်စေတယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၇ ရက်က သီးခြားဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု နှစ်ခုအတွင်း လူ ၂ ဦးကို သေဆုံးစေခဲ့ပါတယ်။ 

ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်အစောပိုင်းက အူ(ပ်)ဆာလာမြို့ရဲ့ နေအိမ် တခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အပြင် ဘေးမှာ ရပ်ကြည့်နေခဲ့တဲ့ အသက် ၂၀ ကျော် အမျိုးသမီးကိုပါ သေဆုံးစေခဲ့ ပြန်ပါတယ်။ 

ဒါကြောင့် ဆွီဒင် ဝန်ကြီးချုပ် အူလ်ဖ် ခရစ္စတာရှန်က ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့  အကြီးအကဲဖြစ်သူတို့ကို တွေ့ဆုံခဲ့ပြီးနောက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းရှာဖွေဖို့အတွက် တရားဝင်လုပ်ပိုင်ခွင့် ပေးအပ်လိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဆွီဒင်ရဲတပ်ဖွဲ့ဘက်က စစ်ရေးအကူအညီ တောင်းခံနိုင်မယ့် အခြေအနေတွေကို ကျယ်ပြန့် လာစေဖို့နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ပါ ဥပဒေပြောင်းလဲပေးဖို့ အာရုံစိုက်သွားမယ်လို့ ဖော်ပြ ထားပါတယ်။ 

ဒါပေမယ့်လည်း ဒီကိစ္စရပ်တွေအပေါ်  အတိအကျအသေးစိတ် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ဆွီဒင်နိုင်ငံမှာ စက်တင်ဘာလအတွင်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ရသလို ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် ၁ ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

ဒါကြောင့် ၂၀၁၉ ခုနှစ်ရဲ့  ဒီဇင်ဘာလ နောက်ပိုင်းမှာ လူအသေအပျောက် အများဆုံးလတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်မှာလည်း လူပေါင်း ၆၂ ဦးအထိ ပစ်သတ်ခံခဲ့ရတဲ့အပြင် ဒီနှစ်မှာပါ သေဆုံးသူ ၄၂ ဦး အထိ ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013