DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ်က ဆေးမှူး ဗိုလ်ကြီး ၁ ဦးကို PDF ဖမ်းဆီးရမိ
DVB
·
September 29, 2023
မုံရွာတွင် စစ်ကောင်စီတပ်က ဆေးမှူး ဗိုလ်ကြီး ၁ ဦးကို PDF ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်း အမှတ်(၂) စစ်ဌာနချုပ်က ဆေးမှူး ဗိုလ်ကြီး တယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ Black Falcon Guerrilla Forces အဖွဲ့ထံမှ သိရပါတယ်။

စက်တင်ဘာလ ၄ ရက် မနက် ၇ နာရီလောက်က အမှတ် (၂) တပ်မတော်ဆေးရုံမှ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်ကိုပြန်လာတဲ့ ဆေးတပ်ဗိုလ်ကြီး အောင်ဖြိုးသိန်းကို ဖမ်းဆီးခဲ့ပြီး ကား ၁ စီး ၊ လက်ကိုင်ဖုန်း ၂ လုံး၊ လက်တော့ကွန်ပျူတာ ၁ လုံးကို သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

Black Falcon Guerrilla Forces အဖွဲ့ခေါင်းဆောင် ကိုဒီမွန်က “ကျနော်တို့ မြို့ပြ တာဝန်ခံ ထောက်လှမ်းရေးရဲဘော်တွေ သတင်းပေးချက်အရ သူ ဘယ်ချိန်မှာ အဝင်အထွက်ရှိတယ်ဆိုတဲ့ သတင်းအတိအကျရတဲ့အတွက် နေအိမ်မှာပဲဖမ်းဆီးနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

ဆေးမှူးဗိုလ်ကြီးကို နေအိမ်မှာ ဖမ်းဆီးချိန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သူ့ကို ပစ်သတ်ဖို့သာ ပြောဆိုနေခဲ့လို့ PDF တွေ အဲဒီလိုလုပ်ဆောင်ခွင့်မရှိဘဲ ဥပဒေအရသာ စီစဉ်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဖျောင်းဖျပြီး ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

မုံရွာမြို့မှာ စစ်ကောင်စီလုံခြုံရေးဂိတ်တွေ များပြားတဲ့အတွက် အခု ဖမ်းဆီးမှုကို ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်ခဲ့ရပြီး စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေတဲ့အတွက် စက်တင်ဘာ ၂၉ ရက်မှ သတင်းထုတ်ပြန်တာလို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့မှာ ဖမ်းဆီးရမိတဲ့ ဆေးမှူး ဗိုလ်ကြီးကို မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013