DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်ရှိ အဇာဘိုင်ဂျန်သံရုံးအနီးတွင် အာမေးနီးယန်းလူမျိုးများ ဆန္ဒပြ
DVB
·
September 29, 2023
လက်ဘနွန်ရှိ အဇာဘိုင်ဂျန်သံရုံးအနီးတွင် အာမေးနီးယန်းလူမျိုးများ ဆန္ဒပြ
Donate to DVB

နာဂေါ်နို-ကာရာဘတ် ဒေသမှာ အဇာဘိုင်ဂျန်ရဲ့  စစ်ဆင်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လက်ဘနွန်နိုင်ငံရှိ အာမေးနီးယန်းလူမျိုးတွေဟာ စက်တင်ဘာ ၂၈ ရက်က အဇာဘိုင်ဂျန် သံရုံးအနီးမှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

နာဂေါ်နို-ကာရာဘတ် အလံတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြသူတွေဟာ သံရုံးနဲ့ နီးကပ်လာနေတာကို တားဆီးခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ခေတ္တခဏ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ပစ်ခတ်ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

အဇာဘိုင်ဂျန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ဆင်ရေးတခုမှာ ကာရာဘတ်ကို ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းလောက်က ခန့်မှန်းခြေ လူဦးရေ ၁၂၀,၀၀၀ လောက် ရှိတဲ့အထဲက ၇၀,၅၀၀ လောက်ဟာ ကာရာဘတ်ဒေသကနေ အာမေးနီးယားထဲကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြကြောင်း ရုရှားနိုင်ငံ RIA သတင်းဌာနက  ထုတ်လွှင့်ပါတယ်။

အစောပိုင်းတုန်းက ကာရာဘတ်ရှိ တိုင်းရင်းသား အာမေးနီးယန်း အာဏာပိုင်တွေက သူတို့ဟာ အဇာဘိုင်ဂျန်ကနေ နှစ်ပေါင်း ၃၀ လောက် နိုင်ငံငယ်အဖြစ် ခွဲထွက်ခဲ့တာကို ဖျက်သိမ်းနေပြီလို့ ပြောကြားခဲ့ကြပါတယ်။

လက်ဘနွန်နိုင်ငံမှာ အာမေးနီးယားနွယ်ဖွား အသိုင်းအဝိုင်းကြီးတခု ရှိနေတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က အော်တိုမန်အင်ပါယာမှာ သူတို့ရဲ့ ဘိုးဘေးတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းကနေ ထွက်ပြေးလွတ်မြောက်လာကြပြီးတော့ အတော်များများဟာ လက်ဘနွန်မှာ အမြစ်တွယ် နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013