DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး မတ္တရာ ရေနံသာရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
September 29, 2023
မုံရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး မတ္တရာ ရေနံသာရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမြင့်လမ်း၊ ညောင်ပင်သာရပ်ကွက်အတွင်း ၃ ထပ်တိုက် လူနေ အဆောက်အဦပေါ် အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီကျော်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Chindwin Attack Force တပ်ရင်း-၄ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ညောင်ပင်သာရပ်ကွက်ထဲက ၃ ထပ်တိုက်ပေါ်မှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို မနေ့က ညနေ ၄ နာရီ ၁၅ မိနစ်မှာ စတိုက်တာ၊ ၄၅ မိနစ်လောက်ကြာတယ်။ စကစဘက်က ၅ ယောက်သေတယ်၊ ၂၀ ကျော် ဒဏ်ရာရသွားတယ်။ သူတို့ထိတာများတော့ ကညနရုံးဘက်ကနေ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်။ ထိုးစစ်ဆင် တိုက်နေရတာမို့ လက်နက်ခဲယမ်းတွေ လိုပါတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys အဖွဲ့ကဦးဆောင်ပြီး Spring Dove၊ ဗိုလ်ဒဿပြောက်ကျားတပ်ဖွဲ့၊ 5/UG Task Force၊ Democratic Guerrilla Force (DGF)၊ Monywa Commando Force၊ Unity Force၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ အရာတော်မြို့နယ် ပကဖ၊ Peacock King PDF နဲ့ God of Snake တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်သား ၅၀ ကျော်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ရေနံသာရဲစခန်းကို မတ္တရာမြို့နယ် ပကဖနဲ့ မြနန္ဒာစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲလောက်က ရေနံသာရဲစခန်းကို Fixed Wing ဒရုန်းနဲ့ ၃ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပထမတလုံးမှာ မပေါက်ကွဲခဲ့ဘဲ ကျန်ဗုံးသီးတွေကတော့ ပစ်မှတ်နေရာကို တိကျစွာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်း ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး တာဝန်ရှိသူက ပြောပါတယ်။

“ဒရုန်းတွေက ကိုယ်တိုင်တီထွင်ထားတာပါ။ ဗုံးကတော့ အီနာဂါဗုံးသီးပါ။ ဗုံးပေါက်ကွဲမှုကြောင့် ရဲ   ၁ ကောင်သေပြီး ၄ ကောင် ထိခိုက်ဒဏ်ရာ ပြင်းထန် စိုးရိမ်ရတယ်လို့ အတည်ပြုထားပါတယ်။ ရေနံသာရဲစခန်း ပေါက်ကွဲမှုဖြစ်​ပြီးတော့ ရွာကို ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်တယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရထားတဲ့ သူတို့လူတွေကို နာရေးကား ၂ စီးနဲ့ လာထုတ်သွားကြတယ်။”

ဒါ့အပြင် စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီလောက်ကလည်း မတ္တရာမြို့နယ် မြောင်းသစ်တံတား (ခ) တံတားနက်အနီးမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်စဉ် ဒရုန်းတစင်း ပစ်ချ ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ဘက်ကလည်း တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းကို ထုတ်ပြန်ပြောဆိုလေ့ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013