DVB Logo
Home
နိုင်ငံတကာ
အိုင်ယာလန်တွင် ယူရို ၁၅၇ သန်းတန်ဖိုးရှိ ကိုကင်း ၂,၂၅၃ ကီလိုဂရမ် သိမ်းဆည်းမိ
DVB
·
September 29, 2023
အိုင်ယာလန်တွင် ယူရို ၁၅၇ သန်းတန်ဖိုးရှိ ကိုကင်း ၂,၂၅၃ ကီလိုဂရမ် သိမ်းဆည်းမိ
Donate to DVB

အိုင်ယာလန် ရိန်းဂျားတပ်ဖွဲ့ဝင်တွေဟာ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးတွေကို အသုံးပြုပြီး လေပြင်းထန်နေတဲ့ကြားကပဲ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းက ပနားမားကုန်တင်ရေယာဉ်ပေါ်ကို ဆင်းသက်ခဲ့ကြပြီး ခန့်မှန်းခြေ ယူရို ၁၅၇ သန်းတန်ဖိုးရှိ ကိုကင်း ၂,၂၅၃ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

အိုင်ယာလန်ရေပြင်မှာ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ငြင်းဆိုထားတဲ့ ပနားမား ကုန်တင်ရေယာဉ်ကို သတိပေး ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ရတဲ့ ရေတပ်စစ်ဆင်ရေး အပြီးမှာ အိုင်ယာလန် ရိန်းဂျားတွေဟာ နိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းမိမှုကို လုပ်ဆောင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ ပနားမားမှာ မှတ်ပုံတင်ထားပြီး တောင်အမေရိကမှာ စတင်ခဲ့ပါတယ်။ ဥရောပကို ကိုကင်းတင်ပို့မှုရဲ့ နောက်ကွယ်မှ တောင်အမေရိက လူသတ်ဂိုဏ်းတွေထဲမှ တခုက ကုန်ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ကြောင်း ရာဇဝတ်ဂိုဏ်းတွေဆိုင်ရာ လက်ထောက်ရဲမင်းကြီး ဂျပ်စ်တင် ကယ်လီက ပြောကြားခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို တခြား အီးယူအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဗြိတိန်တို့ပါဝင်တဲ့ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။

မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း စပိန်၊ နယ်သာလန်နဲ့ ပိုလန်တို့မှာ တခြား သိသာထင်ရှားတဲ့ ဖမ်းဆီးရမိမှုတွေရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013