DVB Logo
Home
Lead Story
လမ်းခွဲ၊ ကွာရှင်းခြင်းနှင့် အသည်းကွဲခြင်းဟာ ဦး‌နှောက်နှင့် ခန္ဓာကိုယ်ကို ဘာတွေဖြစ်စေနိုင်သလဲ
DVB
·
September 29, 2023
လမ်းခွဲ၊ ကွာရှင်းခြင်းနှင့် အသည်းကွဲခြင်းဟာ ဦး‌နှောက်နှင့် ခန္ဓာကိုယ်ကို ဘာတွေဖြစ်စေနိုင်သလဲ
Donate to DVB

လူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာ အသည်းကွဲတာတွေဟာ မတူညီနိုင်ပေမဲ့ လမ်းခွဲဝာာဖြစ်ဖြစ် အဆက်ဖြတ်တာဖြစ်ဖြစ် ဒါမှမဟုတ် လက်လွှတ်ဆုံးရှုံးလိုက်ရတယ်ဆို အများအားဖြင့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေက တူညီတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လမ်းခွဲခြင်းဟာ‌ ပျော်စရာမဟုတ်ပါဘူး။

လမ်းခွဲတာက ပထမဆုံးအကြိမ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကံမကောင်းစွာနဲ့ ခဏခဏ ဖြစ်နေမယ် ဆိုရင်တောင် ကိုယ်နဲ့စိတ်ကို ပြင်းထန်စွာ ထိခိုက်‌နာကျင်အောင် ထိုးနှက်နိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

သံသယတွေ၊ မလုံခြုံမှုတွေနဲ့ များလာပြီး ပြောင်းလဲသွားတဲ့ အရာတွေအတွက် ဘယ်နေရာမှာ၊ ဘယ်လို၊ ဘာကြောင့်ဖြစ်တာလဲဆိုပြီး အံ့ဩလာရပါတယ်။

အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာ လူစီ ဘရောင်းက ငါတို့အမှိုက်တွေပုံလာရင် စိတ်ဒုက္ခရောက်ကြတယ်။ ဆီရိုတိုနင်လို့ခေါ်တဲ့ ဦးနှောက်ဓာတု ဓာတ်တမျိုးဟာ ပျော်ရွှင်မှုနဲ့ ဆက်စပ်နေပြီး အောက်ဆီတိုဇင်ကတော့ စည်းမျဉ်းတွေနဲ့ ဆက်စပ်နေတယ်။ ဒိုပါမင်က ဆုလာဘ်ရရှိတဲ့ ခံစားချက်ကို ထုတ်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒီဓာတ်သုံးမျိုး မြင့်မားနေတဲ့အခါ ခံစားချက်က ကောင်းပြီး ဒီဓာတ်တွေ နိမ့်နေမယ်ဆိုရင်တော့ စိတ်က ခံစားရခက်နေမယ်ဆိုတာ အံ့ဩစရာမရှိပါဘူး။ အဓိက ဓာတုပစ္စည်းကတော့ ဒိုပါမင်ပဲဖြစ်ပြီး သဘာဝဆေးဝါးတွေကနေ ရရှိနိုင်ပါတယ်။

ဘရောင်းဟာ လမ်းခွဲခံထားရတဲ့ လူငယ် ၁၅ ဦးရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို စကန်ဖတ်ပြီး အသည်းကွဲခြင်းရဲ့ အကျိုးသက်ရောက်မှုကို သုတေသနလုပ်တဲ့ လေ့လာမှုရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

“ငါတို့ တယောက်ယောက်ကို ဆုံးရှုံးရတဲ့အခါ ငါတို့ဘဝရဲ့ ဆုလာဘ်အပိုင်းနဲ့ ကိုယ့်ရဲ့အာရုံကို ဆုံးရှုံးလိုက်ရသလိုပဲ။ သူတို့တွေက ငါတို့ကို ထူးခြားတာတွေ ထောက်ပံ့ပေးခဲ့ပြီး အခု မရှိတော့တဲ့အခါ တခြားဆုလာဘ်လို ခံစားချက်တွေ လိုအပ်တယ်” လို့ ဘရောင်းက ဆိုပါတယ်။

ခြိမ်းခြောက်ခံနေရတဲ့ ခန္ဓာကိုယ်

ဖလော်ရန့် ဝီလီယံဟာ သူ့ရဲ့ အသည်းကွဲမှုကြောင့် နာကျင်မှုတွေကို သူကိုယ်တိုင် တွေ့ရှိခဲ့ပါတယ်။ ၂၅ နှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီးနောက်မှာ ပြိုလဲမှုတွေနဲ့ စိတ်ဒဏ်ရာတွေကို မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ရုပ်ပိုင်းဆိုင်ရာအရ နေမကောင်းဖြစ်ခဲ့ပြီး လုံးဝအံ့သြခဲ့ရပါတယ်။

“ဒါက လျှပ်စစ်ပေါက်ထဲ ပလပ်အထိုးခံလိုက်ရသလို ခံစားချက်ပဲ။ စိတ်လှုပ်ရှားလာတယ်။ တရားလွန် သတိထားလာမိပြီး ကောင်းကောင်းအိပ်ပျော်တဲ့စွမ်းရည် မရှိတော့ဘူး။ ကိုယ်အလေးချိန်တွေလည်း လျော့သွားပြီး စိတ်တွေလည်း ရှုပ်ထွေးနေတယ်။ ငါ့ခန္ဓာကိုယ်က ခြိမ်းခြောက်ခံနေရတယ်” လို့ ဆိုပါတယ်။

တွေ့ကြုံရတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

အသည်းကွဲတာဟာ ခံစားမှုဆိုင်ရာ နာကျင်မှုသက်သက်သာမဟုတ်ဘဲ ကြိုးစားရုန်းကန်ရပါတယ်။ ဘရောင်းရဲ့ လေ့လာမှုအရ ဦးနှောက်ဧရိယာ‌နဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေက ဆက်စပ်နေပါတယ်။

စိတ်ခံစားမှု ဖိအားတွေက ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ အော်ဂလီဆန်တာမျိုးတွေ ဖြစ်နိုင်ပြီး ဒါကို ဆေးဘက်ဆိုင်ရာ ဝေါဟာရအနေနဲ့ “somatization” လို့ ခေါ်ပါတယ်။

အရေးကြီးဆုံး သိထားရမယ့် အချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ မဖြစ်ဘူးဆိုရင်တောင် လက္ခဏာတွေက တကယ်ဖြစ်ပြီး ခေါင်းထဲမှာ အားလုံးဖြစ်နေနိုင်ပါတယ်။

အရွယ်ရောက်ပြီးသား ကလေးနှစ်ယောက်ရှိတဲ့ ဝီလီယံရဲ့ သုတေသနဖြစ်စဉ်မှာဆို ခုခံအားစနစ်ပေါ် အကျိုးသက်ရောက်မှုရှိတာကို တွေ့ခဲ့ရပါတယ်။

“ငါတို့ရဲ့ အာရုံကြောစနစ်အတွက် ငါတို့ ဘေးကင်းလုံခြုံတယ်လို့ ခံစားရဖို့က အရေးကြီးတယ်” လို့ သူကဆိုပါတယ်။

ငါတို့ရဲ့ဘဝမှာ ငါတို့ကျန်းမာရေးနဲ့ပတ်သက်ပြီး အစပျိုးပေးတဲ့လူ ရှိမယ်ဆိုရင် နေမကောင်းခြင်းကနေ တကယ်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။ ငါတို့ဆဲလ်တွေက ငါတို့ရဲ့ စိတ်အခြေအနေကို နားထောင်ပါတယ်။

အသည်းကွဲရောဂါလက္ခဏာစု

ဗြိတိသျှနှလုံးဖောင်ဒေးရှင်းက အကြီးတန်း နှလုံးသူနာပြုတဦးဖြစ်တဲ့ စင်ဒီ ဂျိုဒါက အသည်းကွဲလက္ခဏာတွေဟာ အဓိကအားဖြင့် အသက်ရှူမဝခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတို့က နှလုံးဖောက်တဲ့ ရောဂါလက္ခဏာနဲ့ တူညီပါတယ်လို့ ဆိုပါတယ်။

“လူအများစုက ချစ်ရသူကို ဆုံးရှုံးရသလို ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေ ကြုံရဖူးပါတယ်။ ခန္ဓာကိုယ်က ဖိစီးနေတဲ့အချိန် ကတ်တီကိုလာမင်းတွေ အများကြီး ထုတ်လွှတ်မိပြီး နှလုံးကို ထိခိုက်စေနိုင်ပါတယ်” လို့ သူကဆိုပါတယ်။

အဆိုပါရောဂါဟာ ယူကေမှာ တနှစ်ကို လူ ၅,၀၀၀ ခန့် သက်ရောက်မှုရှိပြီး အများစုကတော့ ရက်သတ္တပတ်အနည်းငယ် ကြာပြီးတဲ့နောက် ပြန်လည်ကောင်းမွန်လာပြီး သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

စွဲလမ်းမှုတွေကို စွန့်လွှတ်လိုက်ပါ။

သိပ္ပံပညာဟာ အသည်းကွဲခြင်းကို ရှင်းပြနိုင်ပြီး အဖြေတွေလည်း ပေးနိုင်ပါတယ်။ ဘရောင်းရဲ့ အဆိုအရ အသည်းကွဲခြင်းဟာ စွဲလမ်းမှုတွေကို စွန့်လွှတ်ရမယ်လို့ သဘောထားရမှာဖြစ်ပြီး ငါတို့ တစုံတယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ငါတို့ ပိုသန်မာရမယ်လို့ သူကဆိုပါတယ်။

သဘာဝတရားကြီးနဲ့ ချိတ်ဆက်နေထိုင်မှုဟာ တကယ်ကို အေးချမ်းပါတယ်လို့ ဝီလီယံက ပြောခဲ့ပြီး သူက မိသားစုနဲ့ သူငယ်ချင်းလိုပါပဲ။ အလုပ်မှာ ပိုကြိုးစားလေ ရည်ရွယ်ချက်တွေ ပိုပေါက်မြောက်လာလေဖြစ်ပြီး ဘဝမှာ ပိုပျော်ရွှင်လာတယ်ဆိုတဲ့ အချက်အလက်တွေ အများကြီးရှိတယ်လို့ သူကပြောပါတယ်။

လူတွေက ဆက်ဆံရေးကို အဆုံးသတ်လိုက်တဲ့အခါ ဝမ်းနည်းမှု၊ ပူလောင်မှုနဲ့ အထီးကျန်ခြင်း စတဲ့ ခံစားချက်ကြီးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကြုံတွေ့ခံစားလာရပြီဆိုရင် ကျန်းမာကောင်းမွန်စေတဲ့ နည်းလမ်းတွေနဲ့ အသစ်တဖန် စတင်ရမှာဖြစ်ပါတယ်။

လူတွေက အသည်းကွဲတာဟာ အရမ်းနာကျင်ရတယ်လို့ မှတ်ထားကြတယ်။ ဒါပေမဲ့ ပြောင်းလဲနိုင်ပါတယ်။ ပိုပြီးကောင်းအောင်လည်း လုပ်နိုင်ပါတယ်။

ဘာသာပြန်သူ- လီလီ

(SKY News သတင်းမှာ နည်းပညာသတင်းထောက် Tom Acres ရေးသားထားတဲ့ “Breakups, divorce, and heartbreak: The science behind what happens to your brain and your body” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013