DVB Logo
Home
အားကစား
မြန်မာအမျိုးသမီးအသင်း ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်က ထွက်ခွာ
DVB
·
September 29, 2023
မြန်မာအမျိုးသမီးအသင်း ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်က ထွက်ခွာ
Donate to DVB

၁၉ ကြိမ်မြောက် အာရှအားကစား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဥ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၈ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ၃ ဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။

ဖိလစ်ပိုင်အမျိုးသမီးအသင်းဟာ မြန်မာအသင်းကို အသာစီးကစားပြီး ပွဲချိန် ၁၉ မိနစ်၊ ၆၀ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ သွင်းဂိုးတွေသွင်းယူခဲ့ကာ ၂၀၂၃ ဆီးဂိမ်းရှုံးနိမ့်ခဲ့မှုကို ပြန်လည်ချေဖျက်ခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းပါဝင်တဲ့ အုပ်စု င မှာ တောင်ကိုရီးယားအသင်းက ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယ၊ မြန်မာအသင်းက ရမှတ် ၃မှတ်နဲ့ အုပ်စုတတိယ၊ ဟောင်ကောင်အသင်းက ရမှတ်မရှိနဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

အာရှအားကစား အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဥ်တွေကို စက်တင်ဘာ ၃၀ ရက်နေ့မှာ တောင်ကိုရီးယားအသင်းနဲ့ မြောက်ကိုရီးယားအသင်း၊ အိမ်ရှင် တရုတ်အသင်းနဲ့ ထိုင်းအသင်း၊ ဂျပန်အသင်းနဲ့ ဖိလစ်ပိုင်အသင်း၊ ဥဇဘက်အသင်းနဲ့ တရုတ်တိုင်ပေအသင်းတို့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

အာရှအားကစား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၉၀ ပြည့်နှစ်မှာ စတင်ကျင်းပခဲ့ပြီး လက်ရှိ ချန်ပီယံ ဂျပန်အသင်းနဲ့ မြောက်ကိုရီးယားအသင်းတို့ ချန်ပီယံ ၃ ကြိမ်နဲ့ အများဆုံး ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013