DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့ခံရသည့် မတူပီဒေသခံများကို ထောက်ပံ့ကြေးပေးအပ်
DVB
·
September 29, 2023
စစ်တပ်မီးရှို့ခံရသည့် မတူပီဒေသခံများကို ထောက်ပံ့ကြေးပေးအပ်
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ နေအိမ်နဲ့ စပါးကျီ ပိုင်ရှင်တွေကို ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

မတူပီမြို့နယ်ထဲရှိ ကျေးရွာ ၁၀ ရွာက မီးရှို့ခံထားရတဲ့ နေအိမ်နဲ့ စပါးကျီတွေအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်ပရောက် Indiana Matu Families & Friends, Chin Youth Organization - South Korea, Grace Myanmar Church, Florida စတဲ့အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတဆင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

မတူပီမြို့နယ်ထဲက ကလားရွာ၊ ဝလံတဲရွာ၊ ရဲန်ခဲန်းရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက နေအိမ် ၅၅ လုံးနဲ့ စပါးကျီ ၄ လုံးကို ၂၀၂၂ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ မတ်လကုန်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မီးရှို့ခံခဲ့ရတဲ့အိမ်တွေက မိသားစုဝင်တွေကို ထောက်ပံ့ပေးခဲ့တာပါ။ ပြည်ပက အလှူရှင်တွေက ကျနော်တို့ မြို့နယ်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီးတော့ပေါ့၊ စုစုပေါင်း ၇၅ သိန်း ၅ သောင်း ပေးအပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

မတူပီမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး မတူပီမြို့ခံ ၈,၀၀၀ ကျော်လောက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှာ စစ်ဘေးတိမ်းရှောင် ခိုလှုံနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013