
တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစား အမျိုးသားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ် စက်တင်ဘာ ၂၈ ရက် မနေ့ညနေက ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၄ အသင်းက ဂျပန်ယူ-၂၄ အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။
ဂျပန်အသင်းဟာ အာရှအင်အားကြီးအသင်းပီပီ မြန်မာအသင်းကိုဂိုးပေါက်ကန်သွင်းခွင့်တကြိမ်မှ မပေးရတဲ့အထိ တဖက်သက်ဖိကစားခဲ့ပြီး ပထမပိုင်းမှာ သွင်းဂိုး ၅ ဂိုး နဲ့ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ၄၉ နှစ်နီးပါးကြာမှ ၁၆ သင်းအဆင့်ကို ပြန်လည်ကစားခွင့်ရခဲ့ပေမဲ့ ဂျပန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
အာရှအာကစားကွာတားဖိုင်နယ်ပွဲစဥ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ ဂျပန်အသင်းနဲ့ မြောက်ကိုရီးယား၊ အိမ်ရှင်တရုတ်အသင်း နဲ့ တောင်ကိုရီယား၊ ဆော်ဒီအာရေဗျနဲ့ ဥဇဘတ်ကစ္စတန်၊ အီရန်နဲ့ဟောင်ကောင် အသင်းတို့ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အာရှအာကစားအမျိုးသားဘောလုံးပြိုင်ပွဲကို ၁၉၅၁ စတင်ယှဥ်ပြိုင်ခဲ့ပြီး လက်ရှိချန်ပီယံ တောင်ကိုရီးယားက ချန်ပီယံ ၅ ကြိမ်နဲ့ အများဆုံးရရှိခဲ့ပါတယ်။










