DVB Logo
Home
နိုင်ငံတကာ
ဥဇဘက်ကစ္စတန် မြို့တော်ရှိ လေဆိပ်အနီး ဂိုဒေါင်တခု ပေါက်ကွဲ
DVB
·
September 28, 2023
ဥဇဘက်ကစ္စတန် မြို့တော်ရှိ လေဆိပ်အနီး ဂိုဒေါင်တခု ပေါက်ကွဲ
Donate to DVB

ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့်ရဲ့ လေဆိပ်အနီးရှိ ဂိုဒေါင်တခု ပေါက်ကွဲမှုကြောင့် စက်တင်ဘာ ၂၈ ရက်မှာ လူ ၁ ဦး သေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဥဇဘက်ကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။

ဂိုဒေါင်ပေါက်ကွဲပြီး မီးလောင်မှုကြောင့် ပြတင်းပေါက်ဘောင် ပြုတ်ကျကာ ဆယ်ကျော်သက်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူ ၂၄ ဦးကို ဆေးရုံတင်ထားပြီး သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရမှု မရှိခဲ့ကြောင်းနဲ့ ဒဏ်ရာရရှိသူ ၁၃၈ ဦးကို ကုသပေးခဲ့ကြောင်း သိရပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။ ပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးဖို့အတွက် အခင်းဖြစ်ပွားရာနေရာမှာ အထူးဓာတ်ခွဲခန်းတခု ဆောက်လုပ်ထားကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။

အရေးပေါ်ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ အမြန်ဆောင်ရွက်မှုတွေကြောင့် မီးလောင်တဲ့ ဧရိယာကို လျော့ကျသွားပြီး အခြေအနေကို လုံးဝထိန်းနိုင်သွားပါပြီလို့ ဝန်ကြီးဌာနက တယ်လီဂရမ်မှာ ပြောထားပါတယ်။

ဥဇဘက် မီဒီယာတခုမှာတော့ လေဆိပ်အနီးရှိ ဆားယိလီနယ်မြေက ဂိုဒေါင် မီးလောင်မှုအတွက် မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၆ ဦးကို စေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြို့တော်ရှိ နိုင်ငံတကာလေဆိပ်မှာ လေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်း လည်ပတ်ပြေးဆွဲနေကြောင်း လေဆိပ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013