DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် လဝကရုံး မီးရှို့ဖျက်ဆီးခံရ
DVB
·
September 28, 2023
ကော့ကရိတ် လဝကရုံး မီးရှို့ဖျက်ဆီးခံရ
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗောဓိလမ်းရှိ ကော့ကရိတ်ခရိုင်နဲ့ မြို့နယ် လဝကရုံး  စက်တင်ဘာ ၂၇  ရက် ညပိုင်းက မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ 

မနေ့ ည ၁၁ နာရီလောက်က  ကော့ကရိတ်ခရိုင်နဲ့ မြို့နယ် လဝကရုံးမြောက်ဘက်ကနေ အရပ်ဝတ်နဲ့ လက်နက်ကိုင် လူ ၃ ယောက် ဝင်ရောက်လာကာ ရုံးကို မီးရှို့ ထွက်သွားခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၁  နာရီလောက်မှာ  မီးငြိမ်းသွားခဲ့ပါတယ်။ 

မီးရှို့ခံရလို့ လ၀က ရုံးဝင်းအတွင်းရှိ အလျား ၉ဝ ပေ၊ အနံ ၄ဝ ပေ၊ အမြင့် ၁၅ ပေရှိ ပတ်လည်အုတ်စီ၊ သွပ်မိုး၊ တစ်ထပ်အဆောက်အဦးမှာ ပျက်စီးဆုံးရှုံးသွားပါတယ်။

လုံခြုံရေးအခြေအနေအရ ဒေါနခန်းမကို ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့အတွက်ကြောင့် စာရွက်စာတမ်း၊ မှတ်တမ်းမှတ်ရာတွေကတော့  ပျက်စီးမှုမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013