DVB Logo
Home
မြန်မာသတင်း
မြန်မာ့စက်မှုကုန်ချော ပို့ကုန်ရ‌ငွေ မနှစ်ကထက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် လျော့ကျ
DVB
·
September 28, 2023
မြန်မာ့စက်မှုကုန်ချော ပို့ကုန်ရ‌ငွေ မနှစ်ကထက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် လျော့ကျ
Donate to DVB

၂၀၂၃- ၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ငါးလကျော်ကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆၈ ဘီလီယံ ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော် လျော့ကျနေပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေအရ ငါးလကျော်အတွင်း နိုင်ငံပိုင်ကဏ္ဍကနေ အမေရိကန် ဒေါ်လာ ၁၅၆၈ ဒသမ ၁၁၇ သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၂၉၀၀ ဒသမ ၇၄၈ သန်းတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူမှာတော့ နိုင်ငံပိုင်ကဏ္ဍကနေ အမေရိကန် ဒေါ်လာ ၁၈၀၁ ဒသမ ၀၆၇ သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၃၇၁၂ ဒသမ ၅၀၂ သန်းတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရ‌ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၁၃ ဘီလီယံထိ ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီးရရှိမှု နည်းသွားတာအပါအဝင် တခြား အခက်အခဲများစွာ ရှိနေတာကြောင့် ကုန်ထုတ်လုပ်ငန်းတွေမှာ ထုတ်လုပ်မှုကျဆင်းသွားတာ ဖြစ်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ပြည်ပပို့ကုန်မှာ စက်မှုကုန်ချောဖြစ်တဲ့ ချုပ်ပြီးအထည်တင်ပို့မှုက ပထမ နေရာမှာရှိနေပြီး သကြား၊ လက်ဝတ် ရတနာ၊ သဘာဝဓာတ်ငွေ့ စတဲ့ပစ္စည်းတွေလည်း တင်ပို့နေတာဖြစ်ပါတယ်။

အခုနှစ်စက်တင်ဘာလပိုင်းကစပြီး အထည်ချုပ်စက်ရုံတွေမှာ အရင်ကထက် အော်ဒါရရှိမှု ပိုနည်း သွားတာကြောင့် စက်ရုံ အများစုက လုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အဲဒီ လုပ်ငန်းအသိုင်း အဝိုင်းက သိရပါတယ်။

အထည်ချုပ်လုပ်ငန်းရှင် “အထည်ချုပ်လုပ်ငန်းတွေရဲ့ အခြေအနေက အော်ဒါတွေ တော်တော်နည်းသွားတယ်။ တစ်ချို့စက်ရုံတွေ နားထားရတဲ့ အခြေအနေတွေလည်း ရှိပါတယ်" လို့ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်း ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနဲ့ အခြားပစ္စည်းတွေကို တင်ပို့နေတာပါ။

အဆိုပါ ပို့ကုန်ဏ္ဍ ၇ ခု အနက်ကနေ စက်မှုကုန်ချောတင်ပို့မှုက ပို့ကုန်ဝင်ငွေ အများဆုံးရရှိနေတာ ဖြစ်ပြီး စုစုပေါင်း ပို့ကုန်ရဲ့ ၆၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013