
နေတိုး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ဝင် တနိုင်ငံကို တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်မှာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ဖို့ စက်တင်ဘာ ၂၆ ရက်က ဘူလ်ဂေးရီးယား တပ်ဖွဲ့ဝင်တွေဟာ နေတိုးမိတ်ဘက် ခြောက်နိုင်ငံနဲ့အတူ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
အင်္ဂါနေ့က လေ့ကျင့်မှုမှာ အမြောက်တွေနဲ့ တိုက်ခိုက်တာကို ခုခံကာကွယ်တာနဲ့ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်တာတွေ ပါခဲ့ပါတယ်။
တကယ်လို့ တိုက်ပွဲကနေ ဘူလ်ဂေးရီးယားကို ကာကွယ်ရမယ်ဆိုရင် ဘူလ်ဂေးရီးယား နိုင်ငံထဲက အခြေအနေတွေနဲ့ မြေမျက်နှာသွင်ပြင် အခြေအနေတွေကို ကောင်းကောင်း နားလည်သဘောပေါက်စေဖို့ ဒီလေ့ကျင့်မှုက မဟာမိတ်တွေကို ကူညီပေးခဲ့တယ်လို့ အမေရိကန်ရေတပ် ဥရောပ-အာဖရိက စစ်တိုင်းရဲ့ စစ်ဦးစီးချုပ် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး စတူးဝပ် မတ်ချ်က စစ်သားတွေကို ပြောခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ အီတလီ၊ ဂရိ၊ အယ်လ်ဘေးနီးယား၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မွန်တီနီဂရိုး နိုင်ငံတို့က ဝန်ထမ်းတွေနဲ့ စက်ပစ္စည်းကိရိယာတွေလည်း ဘူလ်ဂေးရီးယားစစ်တပ်နဲ့အတူ ပါဝင်ခဲ့ပါတယ်။
Source/Photo-Reuters










