DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက် စစ်ကောင်စီရုံး ၂ ခု တိုက်ခိုက်ခံရ၊ တော်လှန်ရေးအဟန့်အတားဖြစ်စေမည့် လုပ်ရပ်များကို CDF-ပလက်ဝ အရေးယူမည်
DVB
·
September 28, 2023
ကန်ပက်လက် စစ်ကောင်စီရုံး ၂ ခု တိုက်ခိုက်ခံရ၊ တော်လှန်ရေးအဟန့်အတားဖြစ်စေမည့် လုပ်ရပ်များကို CDF-ပလက်ဝ အရေးယူမည်
1 / 5
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ထဲမှာ စက်တင်ဘာ ၂၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ပညာရေးရုံးတို့ကို CDF-Kanpetlet တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet တပ်မဟာမှူးဆီက သိရပါတယ်။

ကန်ပက်လက်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ လောက် တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို မနေ့ မနက် ၆ နာရီကနေ ၁၁ နာရီအထိ သွားရောက်တိုက်ခိုက်ခဲ့သလို နေ့လယ် ၂ နာရီလောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက်လောက် တပ်စွဲထားတဲ့ ပညာရေးရုံးကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ဒီဗွီဘီ ကို ပြောပါတယ်။

"ထွေအုပ်ရုံးက မြို့ရဲ့အရှေ့ဘက်၊ ပညာရေးရုံးကတော့ မြို့လယ်ပိုင်းကျတယ်၊ ကတုတ်ကျင်းနဲ့ အနီးဆုံးကို ရောက်ရှိခဲ့ကြတယ်။ လက်ရှိမှာ လက်နက်ကြီး၊ Sinper၊ Drone နဲ့ ကျည်တွေလို အပ်နေတယ်ဗျ။ ဒီနေ့ပွဲက စခန်းသိမ်းအခွင့်အရေး ရရှိခဲ့ကြတာပါ၊ လက်နက်ကြီးမရှိတာ၊ ကျည်ဆန်မလုံလောက်တာ၊ မောင်းပြန်ကိုယ်စီမရှိတာနဲ့ ဒရုန်းတွေ မတပ်ဆင်နိုင်တာကြောင့် မသိမ်းနိုင်ခဲ့ပေမဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ မှတ်တမ်းဓာတ်ပုံတွေက ရှေ့တန်းကနေ မရသေးပါဘူး။" 

တိုက်ပွဲဖြစ်ပွားစဥ်အတွင်းမှာ စနိုက်ပါနဲ့ ချိန်ရွယ်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

CDF-Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက "လက်ရှိမှာ စစ်ရေးတင်းမာနေတယ်၊ ကျနော်တို့အနေနဲ့ မြို့ထဲကို ထိန်းချုပ်နိုင်တာမရှိသေးဘူး၊ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေပါတယ်။ ဒီနေ့တိုက်ပွဲကတော့ အလွန်အားရဖို့ ကောင်းတယ်၊ နောက်ခါတွေဆို ပြည်သူတွေလိုချင်တဲ့၊ စခန်းသိမ်းတိုက်ပွဲတွေ ကိုယ့်ရုံးတွေ ကိုယ်ပြန်ရနိုင်ဖို့ ကြိုးစားသွားကြမယ်လို့ ကတိပေးတယ်" လို့  ပြောပါတယ်။

စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ကာင်စီတပ်စခန်းနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ CDF-Kanpetlet ရဲ့ ”ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” သိန်း (၅၀၀၀) Campaign မှာ ပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခြေစိုက်တဲ့ CDF-ပလက်ဝ (Chinland defense force -Paletwa) အနေနဲ့ တော်လှန်ရေးမှာ အဟန့်အတားဖြစ်စေမယ့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနေချိန်မှာ CDF-ပလက်ဝကို ထောက်ခံအားပေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဝန်းရံဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အဖျက်အမှောက် ပြုလုပ်တာ၊ စိတ်ဝမ်းကွဲစေမယ့် သတင်းအချက်အလက်တွေနဲ့ ဝါဒမှိုင်းတိုက်တာတွေ လုပ်ဆောင်နေတဲ့သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

CDF ပလက်ဝ တာဝန်ရှိသူက “ပလက်ဝမြို့မှာက လူမျိုးပေါင်းစုံ နေထိုင်တဲ့အတွက် တော်လှန်ရေးမှာ ထိထိရောက်ရောက် ပါဝင်သူတွေရှိသလို နှောင့်ယှက်နေတဲ့ ပြည်သူတွေလည်း ရှိတယ်။ နှစ်ဖက်ချွန်တဲ့ အခွင့်အရေးသမားတွေပေါ့၊ အဲ့လိုလူတွေက တခြားပြည်သူတွေကို သွေးထိုးတဲ့အခါ သဘောထားတွေ ကွဲလွဲသွားပြီး ကျနော်တို့အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ လျော့နည်းသွားတယ်၊ ထိခိုက်နစ်နာမှုတွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။

ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို သွေးခွဲပြီး တော်လှန်ရေးကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်တွေကို နောက်နောင်မပြုလုပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက CDF-ပလက်ဝအနေနဲ့ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြင်းထန်ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

CDF-ပလက်ဝဟာ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီရဲ့ ကာကွယ်ရေးဌာနတခု အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013