DVB Logo
Home
နိုင်ငံတကာ
အကြမ်းဖက်မှုကို သည်းခံနေလို့မရဟု အိန္ဒိယပြော
DVB
·
September 28, 2023
အကြမ်းဖက်မှုကို သည်းခံနေလို့မရဟု အိန္ဒိယပြော
Donate to DVB

အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ရာမှာ နိုင်ငံရေးအရ အဆင်ပြေမှုနဲ့ ဆုံးဖြတ်နေတာကို ကမ္ဘာကြီးက သည်းခံနေလို့မရဘူးလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယံ ဂျိုင်ရှန်ကာက ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၆ ရက်က ပြောလိုက်ပါတယ်။

နယ်မြေစိုးမိုးရေးကို လေးစားမှုနဲ့ ပြည်တွင်းရေးမှာ ကြားမဝင်ရေးဆိုတာ အကျိုးအမြတ် အများဆုံးကိစ္စကို ရွေးယူတဲ့နေရာမှာ ကျင့်သုံးသလိုလုပ်လို့ မရနိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“အဖြစ်မှန်က လေလုံးတွေကနေ ကင်းကွာသွားတဲ့အခါ၊ အဲဒါကို ထုတ်ပြောရဲတဲ့သတ္တိ ရှိရမယ်။ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုမရှိရင် စစ်မှန်တဲ့ ယုံကြည်မှုဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး” လို့လည်း သူက ပြောပါတယ်။

အိန္ဒိယမြို့တော် နယူးဒေလီမှာ စက်တင်ဘာ ၉ ရက်က ကျင်းပတဲ့ G20 ရဲ့ ထိပ်သီးညီလာခံအတွင်း အာဖရိကသမဂ္ဂဟာ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အာဖရိကသမဂ္ဂထဲမှာ အာဖရိကနိုင်ငံပေါင်း ၅၅ နိုင်ငံ ပါရှိပြီး ဥရောပသမဂ္ဂနဲ့ အဆင့်အတန်း တူညီလာနေပါပြီ။

G20 မှာတော့ ဥရောပသမဂ္ဂနဲ့ နိုင်ငံ ၁၉ နိုင်ငံ ပါဝင်ပြီး ကမ္ဘာ့ စုစုပေါင်းထုတ်ကုန်ရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုထားသလို ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံကိုလည်း ကိုယ်စားပြုပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်တွေ အများအပြားအတွက် အရေးကြီးကိစ္စဖြစ်တဲ့ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဂျိုင်ရှန်ကာက ပြောခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲမှုမှာ အရေးပါတဲ့ခြေလှမ်းက လုံခြုံရေးကောင်စီကို ခေတ်ပြိုင်ဖြစ်စေဖို့ ကုလသမဂ္ဂကို လှုံ့ဆော်ပေးသင့်တယ်။ ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုဟာ ထိရောက်မှုနဲ့ ယုံကြည်စိတ်ချရမှု နှစ်ခုစလုံးအတွက် မရှိမဖြစ် လိုအပ်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

“ဆွေးနွေးပွဲအားလုံးအတွက် လုပ်ငန်းစဉ်တွေကို ပုံဖော်ပြီး စံနှုန်းတွေကို သတ်မှတ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေက နည်းနည်းပဲ ရှိနေတုန်းပါပဲ။ ဒါက ရက်အကန့်အသတ်မရှိ ဆက်သွားလို့မရသလို စိန်ခေါ်မှုမရှိဘဲ ဆက်သွားနေမှာလည်း မဟုတ်ဘူး။ ကျနော်တို့အားလုံး တစိတ်တဝမ်းတည်းရှိရင် တရားမျှတပြီး တန်းတူညီမျှတဲ့ ဒီမိုကရေစီစနစ်တခု ပေါ်ထွန်းလာမှာ အသေအချာပါပဲ။ အစမှာတော့ အုပ်ချုပ်သူတွေဟာ အုပ်ချုပ်ခံတွေကို လက်အောက်ခံအဖြစ် သွတ်သွင်းမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အားလုံးနဲ့ တန်းတူညီတူ လိုက်နာကျင့်သုံးမှသာ စည်းမျဉ်းစည်းကမ်းတွေက အလုပ်ဖြစ်မှာပါ” လို့ ဂျိုင်ရှန်ကာက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013