DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် သက်တော် ၁၀၄ နှစ်ရှိ ဒုံးပိုက်ဆရာတော်ကြီး ပျံလွန်တော်မူ
DVB
·
September 27, 2023
ရသေ့တောင်တွင် သက်တော် ၁၀၄ နှစ်ရှိ ဒုံးပိုက်ဆရာတော်ကြီး ပျံလွန်တော်မူ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက သက်တော်ရှည် ဒုံးပိုက်ဆရာတော်ကြီး ဘဒ္ဒန္တ ဝဏ္ဏဟာ စက်တင်ဘာ ၂၆ ရက် မနက်အစောပိုင်း ၄ နာရီ ၄၅ မိနစ်ခန့်မှာ  သက်တော်ကြီးရင့်ပြီး ပျံလွန်တော်မူသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ရသေ့တောင်မြို့နယ်၊ မယူဖြစ်ကမ်းဒေသ ဒုံးပိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပျံလွန်တော်မူသွားတာဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၁ဝ၄ နှစ်၊ သိက္ခာတော် ၈၄ ဝါ ရှိပြီလို့ ဒုံးပိုက်ကျေးရွာ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က မနက်အစောပိုင်းမှာ ပျံလွန်တော်မူသွားတာပါ။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မပုပ်အောင် တပတ်ခံဆေး ထိုးထားပြီးတော့ ဒီနေ့မှာ ယာယီကျောင်းဆောင်ကို ရွှေ့ပြောင်းသွားမှာ ဖြစ်ပါတယ်ဗျ။ စျာပနကိစ္စနဲ့ ပတ်သက်ပြီးတော့ အတည်မပြုနိုင်သေးပါဘူး။ လာမယ့် သီတင်းကျွတ်မတိုင်ခင်မှာတော့ သံဃနာယက အဖွဲ့အစည်းတွေနဲ့ ကျောင်းကသံဃာတွေနဲ့ ပူးပေါင်းပြီး အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်သွားဖို့ရှိပြီး အဲ့ကျမှ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အဖြေကို သိရမှာပါခင်ဗျ။”

သက်တော်ရှည်ဆရာတော်ကြီးကို ၁၉၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာမှာ ဖခင် ဦးပေါ်လှဦးနဲ့ မိခင် ဒေါ်ဝင်းသာဖြူတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၅ ယောက်အနက် ဒုတိယသားဖြစ်ကာ ငယ်အမည် မောင်ဘလှိုင် ဖြစ်တယ်လို့ ဆိုပါတယ်။

သိက္ခာတော် ၈၄ ဝါလုံးကို ဒုံးပိုက်ရွာမှာပဲ သီတင်းသုံးခဲ့ပြီးနောက် သက်တော် ၁ဝ၄ နှစ်အထိ အရိုးပွရောဂါကြောင့် ရက်တို ဆေးရုံတကြိမ်တက်ဖူးတာကလွဲပြီး တခြား ၉၆ ပါးရောဂါ ဖြစ်ပွားခြင်းမရှိဘူးလို့သိရပါတယ်။

ဆရာတော်ဟာ သက်တော် ၁ဝ၃ နှစ်အထိ ဘုန်းကြီးကျောင်းဝင်းအတွင်းနဲ့ ကျေးရွာတွင်း ဆွမ်း၊ ကွမ်း ကိစ္စရပ်များကို အကူမပါဘဲ သွားလာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဉာဏ်တော် ၅၄ ပေရှိ လောကနာထ စေတီတော်ကို ဦးဆောင်တည်ထားခဲ့သေးတယ်လို့ တပည့်ဒါယကာတဦး ရေးသားဖော်ပြချက်အရ သိရပါတယ်။

ဓာတ်ပုံ-Wai Lu Kyaw & Wai Hum Aung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013