DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ၁၅၀၀၀ ခန့် ထွက်ပြေးနေရဟု ကုလ ထုတ်ပြန်
DVB
·
September 27, 2023
တိုက်ပွဲများကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ၁၅၀၀၀ ခန့် ထွက်ပြေးနေရဟု ကုလ ထုတ်ပြန်
Donate to DVB

တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကစတင်ကာ နိုင်ငံအရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူပေါင်း ၁၅,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်ခြေ ၁၀၀ ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသား ချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက် ပြေးရသူတွေ စဥ်ဆက်မပြတ် ဖြစ်ပွားနေသလို အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အ ရပ်သားပိုင်အိုးအိမ်ပျက်စီးမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း လူပေါင်း ၁,၈၅၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နိုင်ငံအရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်စွာနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူပေါင်း ၇၆၀ နဲ့ ကချင်ပြည်နယ်မှာ အယောက် ၁၀၀၊ စုစု ပေါင်း လူဦးရေ ၈၅၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ UNOCHA မြန်မာ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ 

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေဟာ အခုနှစ် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းမှာ လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို အကူအညီပေးခဲ့ပြီး ဖြစ်သလို အကူအညီတွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ပေးနိုင်ဖို့အတွက်လည်း ဆက်လက် တိုက်တွန်းနေသလို ပြည်တွင်းနေရပ်စွန့်ခွာရသူတွေဟာ စားနပ်ရိက္ခာ၊ ဆေး ဝါးနဲ့ တခြားကယ်ဆယ်ရေး ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူ ထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါပေမဲ့ စစ်အုပ်စုက အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ရွေးကောက်ပွဲတွေ ကြန့်ကြာနေနိုင်တာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိလာစေဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013