DVB Logo
Home
နိုင်ငံတကာ
အာဖဂန် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ကုလလုံခြုံရေး‌ကောင်စီတွင် ဆွေးနွေး
DVB
·
September 27, 2023
အာဖဂန် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ကုလလုံခြုံရေး‌ကောင်စီတွင် ဆွေးနွေး
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၂၆ ရက်က ဆွေးနွေးချိန်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးကိစ္စတွေကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။

လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ဇွန်လက နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့တဲ့အခါ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကန့်သတ်ထားတဲ့ အမိန့်နဲ့ အမိန့်စာ ၅၀ ကျော်ရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ အာဖဂန် အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး အဲဒီကတည်းက ထပ်ထည့်ထားပါတယ်လို့ ကုလသမဂ္ဂ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးနဲ့ ကျားမ တန်းတူညီမျှရေး အေဂျင်စီ UN Women ရဲ့ အမှုဆောင်ဒါရိုက်တာ စီမာဆာမိ ဘာဟို့စ်က ပြောပါတယ်။

အာဖဂန် အမျိုးသမီးတွေကို တာလီဘန်တွေက ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်ကို ပြင်းထန်တဲ့ ကျားမ ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ်တဲ့ ဆုံးဖြတ်ချက်ချဖို့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ ကရီးမား ဘနူးနာက တောင်းဆိုပါတယ်။

“အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုဟာ သူတို့ရဲ့ အုပ်ချုပ်မှုစနစ်ရဲ့ အဓိကအချက်ဖြစ်ပြီး သူတို့အတွေးအခေါ်ရဲ့ အဓိကအစိတ်အပိုင်းတခုပါ” လို့လည်း ဘနူးနာက ပြောပါတယ်။

တာလီဘန်တွေဟာ အနောက်တိုင်း ကျောထောက်နောက်ခံပြု အစိုးရကို ဆန့်ကျင်ရင်း ဆယ်စုနှစ် နှစ်ခုကြာ သူပုန်ထပြီးတဲ့နောက် ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အာဏာပြန်ရခဲ့ပါတယ်။

သူတို့ဟာ ပညာရေးနဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို နက်နက်ရှိုင်းရှိုင်း ကန့်သတ်ထားပါတယ်။

ဆွေးနွေးမှု မစမီမှာ အမျိုးသမီးတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံမူတွေအတွက် မျှဝေထားတဲ့ ကတိကဝတ်များဆိုင်ရာ ကြေညာချက်ကို လုံခြုံရေးကောင်စီမှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေက သတင်းထောက်တွေဆီ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

“အာဖဂန်နစ္စတန်မှာ တာလီဘန်တွေရဲ့ စနစ်တကျ ခွဲခြားဖိနှိပ် ဆက်ဆံမှု၊ တရားဝင် သီးခြား ခွဲခြားဆက်ဆံမှုနဲ့ မိန်းကလေးတွေကို ချန်လှပ်ထားမှုအပေါ် အပြင်းထန်ဆုံး ရှုတ်ချပါတယ်” လို့ အယ်လ်ဘေးနီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံတမန်နဲ့ လုံခြုံရေးကောင်စီရဲ့ စက်တင်ဘာလအတွက် အလှည့်ကျဥက္ကဋ္ဌ ဖယ်ရစ် ဟောက်ခ်ဇာက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013