DVB Logo
Home
နိုင်ငံတကာ
သန့်ရှင်းသည့် စွမ်းအင်နည်းပညာဖြင့် ကမ္ဘာ့ကြီးပူနွေးမှု ကန့်သတ်ထားနိုင်
DVB
·
September 27, 2023
သန့်ရှင်းသည့် စွမ်းအင်နည်းပညာဖြင့် ကမ္ဘာ့ကြီးပူနွေးမှု ကန့်သတ်ထားနိုင်
Donate to DVB

ဆိုလာပြားတွေနဲ့ လျှပ်စစ်ကားတွေ အပါအဝင် သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာမှာ စံချိန်တင် တိုးတက်မှုဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် (၂ ဒသမ ၇ ဒီဂရီ ဖာရင်ဟိုက်) ထက် ပိုမပူအောင် ကန့်သတ်ထားနိုင်တုန်းပဲလို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

IEA ရဲ့ အမှုဆောင်ဒါရိုက်တာ ဖာတီ ဘီရိုးဟာ အဖွဲ့အစည်းရဲ့ ‘Net Zero Roadmap’ ကို အဆင့်မြှင့်တင်ချိန်မှာ ခုလိုပြောလိုက်တာပါ။

၂၀၅၀ ပြည့်နှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှု သုညထိရောက်ဖို့ အလားအလာတွေကို IEA ရဲ့ ‘Net Zero Roadmap’ က အဆိုပြုထားတာပါ။ အစီရင်ခံစာကို ၂၀၂၁ ခုနှစ်က စတင်ထုတ်ပြန်ခဲ့ပါတယ်။

ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေဟာ တိုးတက်မှုရရှိရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်တယ်လို့ ဘီရိုးက သတိပေးခဲ့ပြီး ရာသီဥတု အကျပ်အတည်းကို ဖြေရှင်းဖို့ အတူတကွ လုပ်ဆောင်ကြရေး အစိုးရတွေကို တောင်းဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မျှော်မှန်းထားတဲ့ ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ အသုံးစရိတ်ထဲကနေ သန့်စင်တဲ့စွမ်းအင်ဆီ ကူးပြောင်းဖို့ တနှစ်ကို ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံနီးပါး ရင်းနှီးမြှုပ်နှံဖို့လိုမယ်လို့ IEA က ပြောပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ၇၅ ရာခိုင်နှုန်း လျှော့ချရေးဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၇၅ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး ဒီကုန်ကျစရိတ်ဟာ ၂၀၂၂ ခုနှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကရတဲ့ အသားတင်ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013