DVB Logo
Home
Lead Story
ကောင်းကင် ဘာကြောင့် ပြာတာလဲ
DVB
·
September 27, 2023
ကောင်းကင် ဘာကြောင့် ပြာတာလဲ
Donate to DVB

တချို့ကတော့ သမုဒ္ဒရာက ရောင်ပြန်ဟပ်ပြီး ကောင်းကင်ထဲကို ပြန်ဝင်သွားတဲ့ နေရောင်ခြည်ကြောင့် ကောင်းကင်က အပြာရောင်ဖြစ်နေတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ပင်လယ်၊ သမုဒ္ဒရာနဲ့ မနီးတဲ့ လယ်ကွင်းအလယ်မှာတောင် ကောင်းကင်က ပြာနေတုန်းပါပဲ။

တခြားသူတွေကတော့ လေထုတွင်းက ရေကြောင့်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ သဲကန္တာရလို အရမ်းခြောက်သွေ့တဲ့ နေရာမှာလည်း ကောင်းကင်က အပြာရောင်ပါပဲ။ ဒါဆို တကယ့်အကြောင်းအရင်းက ဘာလဲ။

ကောင်းပင်က ဘာကြောင့်ပြာရတာလဲဆိုရင် အလင်းလမ်းကြောင်းဟာ လေထုနဲ့ အပြန်အလှန် သက်ရောက်နေတာကြောင့်ပါ။

သုံးမြှောင့်ဖန်တုံးနဲ့ အလင်းကို ဆော့ကစားကြည့်ရှုဖူးမယ်ဆိုရင် ဒါမှမဟုတ် သက်တံကို မြင်ဖူးမယ်ဆိုရင် အလင်းဟာ မတူညီတဲ့ အရောင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို သိနိုင်ပါတယ်။ “ROY G. BIV” “နီမော်ဝါစိမ်းပြာမဲရမ်း” ဆိုတဲ့ နာမည်ဟာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်နဲ့ ခရမ်းရောင်ဆိုတဲ့ အရောင်တွေကို မှတ်မိဖို့ ကူညီပေးနိုင်ပါတယ်။

လျှပ်စစ်သံလိုက်ရောင်စဉ်တန်းရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေဟာ ဒီအရောင်တွေနဲ့ ပြုလုပ်ထားတာပါ။ အဲ့ဒီမှာ ခရမ်းလွန်ရောင်ခြည်လှိုင်း၊ အသေးစားလှိုင်းနဲ့ ရေဒီယိုလှိုင်းတွေ ပါဝင်ပါတယ်။ ဆိုလိုတာဟာ မမြင်နိုင်တဲ့ လှိုင်းတွေကြောင့် နေလောင်ခြင်းဖြစ်ပေါ်နိုင်ပြီး ရေဒီယို နားထောင်နိုင်တာကလည်း အလင်းလှိုင်းပုံစံကြောင့်ပါပဲ။

အလင်းဟာ မတူညီတဲ့ လှိုင်းအလျားတွေနဲ့ ရွေ့လျားပါတယ်။ တချို့က လှိုင်းအလျားတိုကာ အလင်းကို အပြာ‌ရောင် ပိုဖြစ်စေပြီး တချို့လှိုင်းအလျားက ရှည်တဲ့အခါ အလင်းကို အနီရောင် ပိုဖြစ်စေပါတယ်။

နေအလင်းက လေထုထဲကို ရောက်တဲ့အခါ လေမော်လီကျူးတွေက အပြာရောင် အလင်းတန်းကို ပြန့်သွားစေပြီး နေဝင်ခါနီးမှာဝောာ့ အနီရောင်ကို ဖြစ်စေပါတယ်။ သိပ္ပံပညာရှင်တွေကဝောာ့ ဒီဖြစ်စဉ်ကို “Rayleigh scattering” လို့ ခေါ်ပါတယ်။

နေဟာ ကောင်းကင်အမြင့်မှာ ရှိနေချိန်မှာတော့ နေရဲ့ အရောင်အစစ် အဖြူ‌ရောင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နေထွက်စနဲ့ နေဝင်ချိန်မှာတော့ ပိုနီတဲ့နေကို မြင်တွေ့ရမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်ဟာ လေထုရဲ့ ပိုထူတဲ့အလွှာကို ဖြတ်သန်းရတာကြောင့် ဖြစ်ပါတယ်။ နေစထွက်ချိန်မှာတော့ အနီရောင်၊ လိမ္မော်ရောင်နဲ့ ပန်းရောင်တို့နဲ့ လှပတဲ့တိမ်တွေကို ဖြတ်ကျော်ပြီး တနေ့လုံးမှာတော့ အပြာနဲ့ အစိမ်းရောင်ကို မြင်တွေ့ရနိုင်ပါတယ်။

Rayleigh scattering ဟာ တခြားဂြိုဟ်ပေါ်မှာလည်း ဖြစ်ပေါ်ပါတယ်။ လေထုထဲမှာ အနီရောင်ဖုန်မှုန့်တွေ ဝင်လာတဲ့ မုန်တိုင်းကြီးတွေ မရှိတဲ့အချိန်ဆို အင်္ဂါဂြိုဟ်ပေါ်က ကောင်းကင်ကလည်း ပြာနေပါတယ်။

ကောင်းကင်ဟာ ဘယ်ကစသလဲ။

ဒါကဝောာ့ ဆန်းကြယ်တဲ့ မေးခွန်းပါ။ မြေပြင်အထက် မီတာ ၅၀ အကွာမှာ ပျံသန်းနေတဲ့ ငှက်တကောင်ဟာ ကောင်းကင်မှာ ရှိနေပုံပါ။ ဒါပေမဲ့ အမြင့်မီတာ ၁၀,၀၀၀ ကျော် ပျံသန်းတဲ့ လေယာဉ်တွေဟာလည်း ကောင်းကင်မှာ ရှိနေတုန်းပါပဲ။

တကယ်‌တော့ ကောင်းကင်ဟာ အောက်ကနေမြင်နေရတဲ့ ကမ္ဘာ့လေထုသာဖြစ်ပြီး လေထုဟာ အထက် ၁၆ ကီလိုမီတာထိ ကျယ်ဝန်းပြီး ဒီနေရာဟာ Rayleigh scattering ဖြစ်တဲ့နေရာလည်း ဖြစ်ပါတယ်။

ဘာသာပြန်သူ- လီလီ

(The conversation  ဝက်ဆိုက်မှာ Monash တက္ကသိုလ်မှ သုတေသီ Duane Hamacher  ရေးသားထားတဲ့  Curious Kids: Why is the sky blue and where does it start? ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013