DVB Logo
Home
မြန်မာသတင်း
ဝယ်လိုအားကျဆင်းပြီး ကြက်သွန်ဈေးနှုန်း သိသိသာကျဆင်း
DVB
·
September 27, 2023
ဝယ်လိုအားကျဆင်းပြီး ကြက်သွန်ဈေးနှုန်း သိသိသာကျဆင်း
1 / 2
Donate to DVB

ပြည်ပအဝယ်နည်းသွားသလို ပြည်တွင်းဝယ်လိုအားလည်း လျော့ကျလာတာကြောင့် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေ သိသိသာသာ ကျဆင်းနေတယ်လို့ ကြက်​သွန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ကြက်သွန်နီဈေးနှုန်းဟာ စက်တင်ဘာ ၁၅ ရက်က အမျိုးအစားပေါ်လိုက်ပြီး တပိဿာကို ကျပ် ၃,၂၀၀ မှ ၃,၇၀၀ အထိ ရှိခဲ့ပေမဲ့ စက်တင်ဘာ ၂၆ ရက် စျေးနှုန်းအရ တပိဿာကို ကျပ် ၂,၅၀၀ မှ ၂,၉၀၀ အထိသာ ရှိတော့ပြီး တပိဿာကို ကျပ် ၇၀၀ မှ ၈၀၀ အထိ ကျဆင်းခဲ့ပါတယ်။

ကြက်သွန်ဖြူစျေးနှုန်းဟာလည်း စက်တင်ဘာ ၁၅ ရက်က တပိဿာကို အမျိုးအစားပေါ်​လိုက်ပြီး ၈,၄၀၀ မှ ၉,၅၀၀ အထိ ရှိခဲ့ပေမဲ့ စက်တင်ဘာ ၂၆ ရက် စျေးနှုန်းအရ တပိဿာကို ၇,၃၀၀ မှ ၈,၄၀၀ အထိသာ ရှိတော့ပြီး တပိဿာကို ကျပ် ၁,၁၀၀ အထိ ကျဆင်းခဲ့ပါတယ်။

အောင်ပန်းရှိ ကုန်စိမ်းရောင်းဝယ်သူတဦးက “ကြက်သွန်အဖြူအနီကော ချင်း(ဂျင်း)ပါ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယက အဝယ်နည်းတော့ စျေးပြန်ကျသွားတာပါ။ အခုတော့ ပွဲရုံအများစုက အဝယ် ခဏနားထားပါတယ်။ ကြက်သွန်က ပြည်တွင်းစားသုံးမှု အသင့်အတင့်ရှိတယ် ဆိုပေမဲ့ ပြည်ပအဝယ်ရှိမှ စျေးကောင်းရမှာပါ” လို့ ပြောပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဟာ ပြည်ပအဝယ်နည်းသွားသလို ပြည်တွင်းမှာလည်း ဝယ်လိုအား နည်းနေတယ်လို့ မော်လမြိုင်ရှိ ကြက်သွန်ရောင်းဝယ်ရေးဒိုင်တဦးက ပြောပါတယ်။

“အဓိကက စျေးနှုန်းကြောင့်ပါ။ စျေးနှုန်းတွေက အရမ်းမြင့်သွားလို့ အဝယ်နည်းပြီး စျေးပြန်ကျသွားတာပါ။ နောက်ပြီး တရုတ်ကြက်သွန်တွေက ပြန်ဝင်လာတော့ တရုတ်ကြက်သွန်က အရောင်းပိုသွက်သွားတယ်။ စျေးနှုန်းတူအချင်းချင်း တရုတ်ကြက်သွန်တွေက အလုံးကြီးပြီး သန့်တော့ လူစားပိုများသွားတယ်။ ကြက်သွန်က ဒီရက်ထဲ အရောင်းလေးနည်းနည်းကျပြီး စျေးကလည်း ၁,၀၀၀ လောက်ကျတယ်။”

ပြည်တွင်းမှာ ကြက်သွန်နီကို ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားနဲ့ ကျောက်ဆည်နယ်တို့မှာ စိုက်ပျိုးကြပြီး ကြက်သွန်ဖြူကိုတော့ ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နဲ့ ဟိုပုံးမြို့တို့မှာ အဓိကထား စိုက်ပျိုးပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ​ကြက်သွန်တွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ ရေကြောင်းကုန်သွယ်ရေးတို့ကတဆင့် ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ကို တင်ပို့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013