DVB Logo
Home
နိုင်ငံတကာ
အီရတ်မင်္ဂလာ‌ဆောင်ပွဲတွင် မီးလောင်ပြီး လူ ၁၀၀ ကျော်သေ၊ ၁၅၀ ဒဏ်ရာရ
DVB
·
September 27, 2023
အီရတ်မင်္ဂလာ‌ဆောင်ပွဲတွင် မီးလောင်ပြီး လူ ၁၀၀ ကျော်သေ၊ ၁၅၀ ဒဏ်ရာရ
Donate to DVB

အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ နီးနဗာပြည်နယ်၊ ဟမ်ဒါနီယာခရိုင်မှာ မင်္ဂလာဆောင် ကျင်းပနေတုန်း မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ဒဏ်ရာရရှိခဲ့ကြပြီးနောက် စက်တင်ဘာ ၂၇ ရက် အစောပိုင်းမှာ အရပ်ဘက်ကာကွယ်ရေး အဖွဲ့တွေဟာ မီးလောင်ထားတဲ့ အဆောက်အဦအတွင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။

မင်္ဂလာအခမ်းအနားအတွင်း မီးရှူးမီးပန်းတွေ ထွန်းညှိပြီးနောက်မှာ မင်္ဂလာခန်းမကျယ်ကြီးအတွင်း မီးလောင်ကျွမ်းသွားခဲ့တာလို့  ဒေသခံ အရပ်ဘက်ကာကွယ်ရေးဌာနက ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

ပဏာမသတင်းအချက်အလက်တွေအရ အဆောက်အဦဟာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာကြောင့် မြန်မြန်ဆန်ဆန်ပဲ ပြိုကျခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

နီးနဗာပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးကတော့ လူ ၁၁၃ ဦး သေဆုံးကြောင်း ရိုက်တာသတင်းဌာနကို အတည်ပြုပြောကြားခဲ့ပြီး နိုင်ငံပိုင်မီဒီယာမှာတော့ သေဆုံးသူ ၁၀၀ ထက်မနည်း ရှိပြီးတော့ လူ ၁၅၀ ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ် လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားချိန်မှာ လူရာနဲ့ချီ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013