DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်သတင်းထောက်များအသင်းဥက္ကဋ္ဌ ထောင်ဒဏ် ၅ ရက် ချမှတ်ခံရ
DVB
·
September 27, 2023
ဟောင်ကောင်သတင်းထောက်များအသင်းဥက္ကဋ္ဌ ထောင်ဒဏ် ၅ ရက် ချမှတ်ခံရ
Donate to DVB

ဟောင်ကောင်သတင်းထောက်များအသင်း ဥက္ကဋ္ဌ ရွန်ဆွန်ချန်းကို မနှစ် စက်တင်ဘာလက ရဲအရာရှိတွေကို နှောင့်ယှက်မှုအတွက် စက်တင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၅ ရက် ချမှတ်ခဲ့ပါတယ်။

ဝေဖန်သူတချို့ကတော့ ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်ရှိ မီဒီယာလွတ်လပ်ခွင့်ကို နောက်ထပ်ထိုးနှက်ချက်အဖြစ် ရှုမြင်ကြပါတယ်။

ဟောင်ကောင်ရဲ့ ထိပ်တန်းသတင်းထောက်အဖွဲ့ အကြီးအကဲ ချန်းဟာ သူ့ကိုယ်ရေး သက်သေခံကတ်ပြားကို လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့ပြီးနောက် သတင်းတပုဒ် ရေးဖို့ လုပ်နေချိန်မှာ အရပ်ဝတ်အရာရှိ ၂ ဦးက ဖမ်းဆီးပြီး လက်ထိတ်ခတ်တာ ခံခဲ့ရပါတယ်။

ဟောင်ကောင်မှာနေထိုင်သူအားလုံး ဆောင်ထားရမယ့် ပုဂ္ဂိုလ်ရေး အထောက်အထားကို မလွှဲပေးခင် ရဲတွေကို ဝရမ်းပြဖို့ တောင်းဆိုခဲ့တယ်လို့ ဥက္ကဋ္ဌ ချန်းက အစောပိုင်းကတည်းက တရားရုံးကို ပြောကြားခဲ့ပြီး သူ့မှာ အပြစ်မရှိကြောင်း ဝန်ခံလျှောက်လဲခဲ့တာပါ။

ချန်းဟာ အယူခံဝင်မှာဖြစ်ကြောင်း သူ့ရဲ့ရှေ့နေတွေက ပြောကြားပြီးနောက်မှာ တရားရေးအရာရှိ လျောက်ကာကိုင်းက ချန်းကို ဟောင်ကောင်ဒေါ်လာ ၃၀,၀၀၀ နဲ့ အာမခံပေးခဲ့ပါတယ်။

သတင်းထောက်ကြီးဟာ ဟောင်ကောင်ကနေ ထွက်ခွာခွင့်မရှိဘဲ သူ့ရဲ့ ခရီးသွား စာရွက်စာတမ်းတွေကို ထိုးအပ်ထားရတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013