DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၄၀ ကျော် အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
September 26, 2023
ထိုင်းတွင် မြန်မာအလုပ်သမား ၄၀ ကျော် အခွင့်အရေး ချိုးဖောက်ခံနေရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ တရားဝင် သွားရောက်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၄၄ ဦး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမား အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၄၄ ဦးဟာ ထိုင်းနိုင်ငံ၊ ဖိချဘွန်မြို့ရှိ KTK Engineering 2021 ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ ဇင်ထွန်းဝင်း 999 ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စာချုပ် ချုပ်ဆိုပြီးခဲ့တဲ့နောက် ဇင်ထွန်းဝင်း 999 ကုမ္ပဏီက မြန်မာလုပ်သားတွေကို စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ ဖယ်မြို့၊ နန့်ကျန်ရပ်ကွက်ရှိ AKC ဆောက်လုပ်ရေး ကုမ္ပဏီကို စက်တင်ဘာ ၅ ရက်နေ့မှာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။ 

အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း (WAG) မှ ကိုမုန်တိုင်းက “ထိုင်းနိုင်ငံက ကုမ္ပဏီတွေမှာ အလုပ်သမား အယောက် ၂၀ လောက်လိုရင် မြန်မာဘက်က ကုမ္ပဏီတွေက အယောက် ၁၀၀ လောက် ပို့တာတွေရှိတယ်။ အဲလိုပြဿနာတွေကြောင့် မြန်မာအလုပ်သမားတွေက အလုပ်လက်မဲ့ ဖြစ်နေရတယ်။ ဇင်ထွန်းဝင်း 999 က ပို့လိုက်တဲ့ MOU အလုပ်သမား တော်တော်များများ အလုပ်လက်မဲ့တွေ များတယ်။ ပြဿနာတွေလည်း တက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကုမ္ပဏီက အလုပ်မပေးနိုင်ဘူး။ ဒီကိစ္စတွေကို ကျနော်တို့ WAG အဖွဲ့ထံ တိုင်ကြားလာတယ်။ ကျနော်တို့ကလည်း အလုပ်သမားတွေကို အလုပ်မပေးနိုင်တဲ့အတွက်ကြောင့် မြန်မာကုမ္ပဏီဘက်က ၇၅ ရာခိုင်နှုန်း ငွေပြန်ပေးဖို့ ဥပဒေလမ်းကြောင်းအရ တောင်းဆိုထားတယ်။ သူတို့ဘက်က ဖြေရှင်းပေးမလား မဖြေရှင်းပေးဘူးလား ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေက AKC ဆောက်လုပ်ရေးကုမ္ပဏီမှာ လဝက်ကျော် အလုပ်လုပ်ကိုင်ပြီးတဲ့နောက် လုပ်ငန်းခွင်အတွင်း နေရာထိုင်ခင်း မိုးမလုံတာ၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေနဲ့ အဝတ်အစား (ယူနီဖောင်းများ) မထုတ်ပေးတာ၊ အလုပ်ပုံမှန် မဆင်းရတာ၊ အလုပ်မဆင်းရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်တာတွေ ကြုံနေရတယ်လို့ ကာယကံရှင် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ကာယကံရှင် အလုပ်သမားတဦးက “ပို့ပေးတာကလည်း စာချုပ်မှာပါတဲ့ လုပ်ငန်းခွင် မဟုတ်ဘူး။ ကျမတို့ကို အဲဒီကုမ္ပဏီရောက်တဲ့အချိန်မှာ အလုပ်ချိန်ကို တရက်ဆင်း တရက်နားခိုင်းတယ်။ အခုချိန်ထိ အေးဂျင့်ကလည်း တာဝန်ယူပြီး ဖြေရှင်းပေးတာမျိုး မရှိဘူး။ ကျမတို့ကို စာချုပ်မှာပါတဲ့ လုပ်ငန်းခွင်ကို ရွှေ့ပြောင်းပေးပါ။ ပြီးတော့ အခုလိုမျိုး အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းပေးစေချင်တယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013