DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်စခန်းကို မိုးကာနှင့် အမျိုးသမီးအဝတ်အထည်များ လှူဒါန်း
DVB
·
September 26, 2023
ဒီးမော့ဆို စစ်ရှောင်စခန်းကို မိုးကာနှင့် အမျိုးသမီးအဝတ်အထည်များ လှူဒါန်း
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ ဖူးကောင်းမအင်း စစ်ရှောင်စခန်းကို စက်တင်ဘာ ၂၄ ရက်က မိုးကာနဲ့ အမျိုးသမီး အတွင်းဝတ်အထည်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ Job for Kayah အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အမျိုးသမီးသုံး အတွင်းခံတွေကို လှူဒါန်းတဲ့ အလှူရှင်တွေက နည်းတယ်ပေါ့နော်။ နည်းတဲ့အတွက် သူတို့မှာ လိုအပ်ချက် ဖြစ်နေတယ်ပေါ့။ ဝယ်ရင်လည်း စျေးကြီးတယ်။ စစ်ဘေးရှောင်တွေဆိုတော့ ဝယ်ဖို့ သီးသန့်ပိုက်ဆံလည်း မရှိကြတဲ့အတွက် အမျိုးသမီး အဝတ်တွေကို ဒီလပိုင်းမှာ အဓိကထားပြီး လှူဖြစ်တယ်။”

စစ်ဘေးရှောင်အိမ်တွေဟာ တဲအိမ်တွေဖြစ်တဲ့အတွက် မိုးကာတွေက ဆွေးမြည့်ပေါက်ပြဲတာတွေ ရှိလာတာကြောင့် မိုးကာတွေလည်း ကူညီပေးခဲ့ပေမဲ့ အိမ်ခြေ ၂၀ အတွက်သာ ကူညီပေးနိုင်သေးသလို ဖူးကောင်းမအင်း စစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၈ အိမ်ရှိကာ လူဦးရေအနေနဲ့ ၂၇၅ ဦးရှိပြီး စစ်ဘေးရှောင်ကာလ တနှစ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေမှာ လိုအပ်ချက်တွေ များစွာရှိနေပြီး အဓိက လိုအပ်ချက် အနေနဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေး ဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

Job for Kayah အဖွဲ့က တော်လှန်ရေးကာလတလျှောက်လုံး စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ၊ မိုးကာတွေ၊ အသုံးအဆောင်တွေနဲ့ လိုအပ်နေတဲ့အရာတွေကို ပြည်တွင်း ပြည်ပက အလှူရှင်တွေကိုယ်စား ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013