DVB Logo
Home
နိုင်ငံတကာ
ထိုင်းတက်ကြွလှုပ်ရှားသူ ရှေ့နေ ၁ ဦး ဘုရင်စနစ်စော်ကားမှုဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်
DVB
·
September 26, 2023
ထိုင်းတက်ကြွလှုပ်ရှားသူ ရှေ့နေ ၁ ဦး ဘုရင်စနစ်စော်ကားမှုဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်
Donate to DVB

ထိုင်းနိုင်ငံရဲ့ သြဇာကြီးတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့တဲ့ နာမည်ကျော် တက်ကြွလှုပ်ရှားသူ ရှေ့နေ အာနွန်နမ်ပါကို ဘုရင်စနစ် စော်ကားမှုနဲ့ စက်တင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ကြောင်း တရားသူကြီးနဲ့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ရှေ့နေ အာနွန်နမ်ပါကို တရားရုံးက ပုဒ်မ ၁၁၂ (အသရေဖျက်မှုဥပဒေ) ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပြီး ထောင်ဒဏ်ကို လျှော့ပေါ့ပေးခြင်းမရှိတဲ့အပြင် ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ အရေးပေါ်အမိန့်ကို ဖောက်ဖျက်တဲ့အတွက်လည်း ဒဏ်ရိုက်ခံရတယ်လို့ အာနွန်ရဲ့ရှေ့နေ ကရီဆာဒန် နတ်ချရပ်စ် က ပြောပါတယ်။

လူ့အခွင့်အရေး ရှေ့နေ အာနွန်ကတော့ သူ အမှား ကျူးလွန်ထားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တဲ့ တရားရုံးရဲ့ စီရင်ချက်အရ ဒီနေ့မှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ရပေမယ့် ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာ ၁၄ ရက်က အစိုးရအိမ်တော်ကို ဝန်းရံဖို့ ရတ်ချဒမ်နွန် လမ်းဆုံကနေ ချီတက်လာခဲ့တာ ထိုက်တန်တယ်လို့ အာနွန်က ပြောပါတယ်။

“အဲဒီနေ့က အသေအပျောက်လည်း မရှိကြပဲ ဒါဟာ ပိုကောင်းတာတွေ ဖြစ်လာဖို့အတွက်  ထိုက်တန်တဲ့ ပုဂ္ဂိုလ်ရေး စွန့်လွှတ်အနစ်နာခံမှုပါ”လို့လည်း အာနွန်က ပြောပါတယ်။

ရှေ့နေ အာနွန်နမ်ပါဟာ ၂၀၂၀ ပြည့်နှစ် ဘန်ကောက်မြို့တော်ကို သိန်းနဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြလာအောင် ဦးဆောင် စည်းရုံးလှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲတွေက ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

အာနွန်ဟာ အောက်တိုဘာ ၁၄ ရက်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့တဲ့ မှတ်ချက်စကားကြောင့် ဘုရင်စနစ်ကို စော်ကားပုန်ကန်မှုနဲ့ တရားစွဲခံရတာပါ။ ဒါပေမဲ့ သူ့ရဲ့ ခုခံချေပချက်ထဲမှာ သူဟာ ဆန္ဒပြသူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့ ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဘုရင်စော်ကားမှု ဥပဒေဟာ နန်းတော်ကို ဝေဖန်မှုတွေကနေ အကာအကွယ်ပေးထားပြီး ဘုရင်စနစ်ကို စော်ကားတယ်လို့ ယူဆရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တာကြောင့် ဒီပြစ်ဒဏ်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားပါတယ်။

ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အမျိုးအစားတွေထဲက တခုဖြစ်တဲ့ ဒီပြစ်မှုနဲ့ တရားစွဲခံရသူ ရာနဲ့ချီ ရှိတဲ့အထဲမှာ အာနွန်လည်း တယောက်အပါအဝင် ဖြစ်လာပြီး အခု ထောင်ဒဏ် ၄ နှစ် စီရင်ချက်ဟာ စော်ကားမှုစွဲချက် ၁၄ မှုထဲမှာ ပထမဆုံး စီရင်ချက်ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ကတည်းကနေ ပြီးခဲ့တဲ့လအထိ ဒီပုဒ်မ ၁၁၂ နဲ့ တရားစွဲဆိုခံထားရတဲ့ အနည်းဆုံး လူ ၂၅၇ ဦး ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013