DVB Logo
Home
နိုင်ငံတကာ
အဇာဘိုင်ဂျန်တွင် လောင်စာဆီ သိုလှောင်ရုံ ပေါက်ကွဲပြီး လူ ၂၀ ထက်မနည်း သေဆုံး
DVB
·
September 26, 2023
အဇာဘိုင်ဂျန်တွင် လောင်စာဆီ သိုလှောင်ရုံ ပေါက်ကွဲပြီး လူ ၂၀ ထက်မနည်း သေဆုံး
Donate to DVB

အဇာဘိုင်ဂျန်နိုင်ငံ၊ နာဂေါနို-ကရာဘတ် ခွဲထွက်ဒေသမှာ စက်တင်ဘာ ၂၅ ရက်က လောင်စာဆီ သိုလှောင်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာမေးနီးယန်း အာဏာပိုင်တွေက ပြောပါတယ်။

လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိထားကြပြီး အများစုဟာ အလွန်ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေကြလို့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ကြောင်း နာဂေါနို-ကရာဘတ် အုပ်ချုပ်ရေးမှူး ဂဲ့ဂ်ဟမ်း စတယ်ဖန်ယန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေမှာ ရေးပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ လူပေါင်း ၂၉၀ ကို ဆေးရုံတင်ထားရပြီး သူတို့ထဲက ဒါဇင်နဲ့ချီတဲ့လူတွေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်လို့လည်း ဆိုပါတယ်။

နာဂေါနို-ကရာဘတ်ရဲ့ မြို့တော်အပြင်ဘက်ရှိ လမ်းတလျှောက် ဂတ်စ်သိုလှောင်ရုံ ပေါက်ကွဲပြီးနောက် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ကြောင်းကို အာ့ထ်ဆက်ခ် ခွဲထွက်သမ္မတနိုင်ငံက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013