DVB Logo
Home
မြန်မာသတင်း
သကြားဈေး အတက်အကျ မတည်ငြိမ်ဖြစ်နေ
DVB
·
September 26, 2023
သကြားဈေး အတက်အကျ မတည်ငြိမ်ဖြစ်နေ
1 / 2
Donate to DVB

မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေက သကြားဈေး အတက်အကျကို လိုသလို ဈေးကစားနေတာကြောင့် သကြားဈေး အတက်အကျ မတည်မငြိမ် ဖြစ်နေတယ်လို့ သကြားဈေးကွက်ကနေ  သိရပါတယ်။

မြန်မာနိုင်ငံ သကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက “ကမ္ဘာ့သကြားပေါက်ဈေးပေါ်မူတည်ပြီး အတက်အကျကတော့ ရှိနေတယ်။ ဒါပေမဲ့ အခုကတော့ သကြားက ကုန်သည်လက်ထဲမှာပဲရှိတယ်။ ပြည်တွင်းငွေကြေးဈေးကလည်း တည်ငြိမ်တာတွေ မရှိဘူး၊ ပြည်ပကနေလည်း တင်သွင်းတာတွေ ကန့်သတ်ထားတော့ ပြည်တွင်းသကြားက ဈေးတက်တယ်” လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်းသကြားက လက်ကား တပိဿာကို ကျပ် ၃,၆၀၀ ကနေ ၃,၆၅၀ ကြားရှိနေပြီး နေ့စဉ် ကျပ် ၅၀ ကနေ ၁၀၀ ကြား အတက်အကျ ရှိနေပါတယ်။ လက်လီကတော့ တပိဿာကို ကျပ် ၄,၅၀၀ မှ ၆,၀၀၀ ကြားရှိနေပြီး လက်ရှိ အမြင့်ဆုံးပေါက်ဈေး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ ပြည်တွင်းသကြားက လက်ကားဈေးကွက်မှာ တပိဿာကို ၂,၅၀၀ ကျပ်သာ ‌ဈေးရှိပြီး လက်လီဈေးကွက်မှာတော့ တပိဿာကို ကျပ် ၃,၅၀၀ ကနေ ၄,၅၀၀ ကြားသာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက ပြည်တွင်းသကြားဈေးကွက်ကောင်းအောင် ပြည်ပကနေ တင်သွင်းတဲ့ သကြားကို အကန့်အသတ်နဲ့ တင်သွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ်စဉ် ဈေးကွက်အတွင်း ပြည်တွင်းသကြား တန်ချိန် ၄ သိန်းနီးပါး ထွက်ရှိပြီး ပြည်တွင်းသကြားကို တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို တင်ပို့ကာ လုပ်ငန်းသုံး သန့်စင်သကြားကို တရုတ်နိုင်ငံအပြင် ဥရောပနိုင်ငံတို့ကနေ ပြန်လည်တင်သွင်းတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013