
အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်ဒီစီရှိ ကျူးဘားသံရုံးကို ဓာတ်ဆီပုလင်းဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်ဟာ ကျူးဘားအစိုးရအရာရှိတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်မီလာက စက်တင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်ဇ်ပါရဲလာက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၂၄ ရက်က လူမှုကွန်ရက်ပေါ်မှာ တင်ပြခဲ့ပြီး ထိခိုက်သူမရှိဘူးလို့ ပြောပါတယ်။
ကျူးဘားခေါင်းဆောင် မီဂဲဒိယက်ဇ်ကန်နယ်လ်က ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကုလသမဂ္ဂ အခမ်းအနားကို တက်ရောက်ခဲ့ပြီး နာရီပိုင်းအကြာမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
၁၉၆၁ ခုနှစ်ကတည်းက ပြတ်တောက်သွားတဲ့ နိုင်ငံတွေရဲ့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ချိန် ၂၀၁၅ ခုနှစ်မှာ သံရုံးကို ပြန်ဖွင့်လှစ်ခဲ့ပါတယ်။
Source/Photo-Reuters