Home
နိုင်ငံတကာ
ဟောလိဝုဒ် စာရေးဆရာများနှင့် ရုပ်ရှင်စတူဒီယိုများ သဘောတူညီမှုရ
DVB
·
September 26, 2023

ဟောလိဝုဒ်ရဲ့  စာရေးဆရာများသမဂ္ဂဟာ ရုပ်ရှင်စတူဒီယိုကြီးတွေနဲ့ အလုပ်ခွင် ဆိုင်ရာ အကြိုသဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ စက်တင်ဘာ ၂၄ ရက်က ပြောကြားပါတယ်။

တချိန်တည်းမှာ သပိတ်မှောက်မှု ၂ ခုအထိ ဖြစ်ပေါ်နေတာကြောင့် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ထုတ်လုပ်မှုအများစုကို ရပ်ဆိုင်းထားရတဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားရေးကိုပါ ဘီလီယံနဲ့ချီအောင် ဆုံးရှုံးစေနိုင်တဲ့အတွက် ဆန္ဒပြမှုတွေ အဆုံးသတ်နိုင်ဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

၃ နှစ် သက်တမ်းရှိမယ့် ဒီသဘောတူစာချုပ်ဟာ အမေရိကန်စာရေးဆရာများ ကြီးကြပ်ရေးအသင်း (WGA)ရဲ့  ခေါင်းဆောင်ပိုင်းနဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့  အတည်ပြုချက်ရရှိပြီးမှသာ အသက်ဝင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ရုပ်မြင်သံကြား စာရေးဆရာပေါင်း ၁၁,၅၀၀ အပေါ် ကိုယ်စားပြုတဲ့ WGA က ဒီစာချုပ်ကို "စာရေးဆရာတွေအတွက် အကာအကွယ်ပေးမှုတွေနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ အကျိုးခံစားခွင့်တွေ" ပါဝင်တာကြောင့် "ထူးခြားကောင်းမွန်တယ်" ဆိုပြီး မှတ်ချက်ပေးပါတယ်။

သပိတ်မှောက်မှုနဲ့ ပတ်သက်ပြီး WGA ရဲ့ ပြေငြိမ်းမှုက သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာနိုင်ပေမဲ့ ဟောလီးဝုဒ်ကိုတော့ အလုပ်အတွက် ပြန်သွားဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် SAG-AFTRA သရုပ်ဆောင်များ သမဂ္ဂကတော့ သပိတ်မှောက်နေဆဲပဲ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားပိုင်း၊ နောက်ခံအသံပိုင်း၊ စတန့်ပိုင်း စတဲ့ သရုပ်ဆောင်တွေနဲ့ တခြားမီဒီယာ ပညာရှင်ပေါင်း ၁၆၀၀၀၀ အထိပါဝင်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ အလုပ်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

နှစ်ပေါင်း ၆၃ နှစ်တာ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟောလီးဝုဒ်မှာ သမဂ္ဂနှစ်ခုရဲ့ တစ်ပြိုင်နက် သပိတ်မှောက်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါ တယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024